Friday, May 16, 2014



အလွန်ရှားပါးသည့် အဝါရောင် စိန်ပွင့်ကြီးကို Sotheby လေလံ ကုမ္ပဏီတွင် စတာလင်ပေါင် ၉ ဒသမ ၇ သန်းဖြင့် ရောင်းချ

အလေးချိန် ၁ဝဝ ကာရက်ရှိပြီး အလွန်ရှားပါးလှသည့် အဝါရောင် စိန်ပွင့်ကြီး တစ်ပွင့်ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ Sotheby လေလံ ကုမ္ပဏီက စတာလင်ပေါင် ၉ ဒသမ ၇ သန်းဖြင့် ရောင်းချနိုင် ခဲ့ကြောင်း သိရသည်။

အဆိုပါ အဝါရောင် စိန်ပွင့်ကြီး၏ အမည်ကို Graff Vivid Yellow ဟု အမည်ပေးထားပြီး ၄င်းစိန်ပွင့်ကြီးကို မေ ၆ ရက်က ကျင်းပသည့် လေလံပွဲတွင် အမည်မဖော်လိုသူ တစ်ဦးကဝယ်ယူ သွား ခဲ့ခြင်း ဖြစ်သည်။
ယင်းစိန်ပွင့်ကြီးသည် ကမ္ဘာပေါ်ရှိ အကျော်ကြားဆုံး စိန်ပွင့်များ အကြောင်းကို စာရင်းပြုစု ထားသည့် စာရေးဆရာ Ian Balfour ၏ စာအုပ်တွင် မှတ်တမ်းတင် ခံခဲ့ရကြောင်း သိရသည်။
အဆိုပါ စိန်ပွင့်ကြီး ရောင်းချခဲ့သူကို လေလံကုမ္ပဏီက ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top