Friday, May 16, 2014



ခတ်မီ ဂြိုဟ်တု တစ်စင်းအား Proton ဒုံးကျည်ဖြင့် ရုရှား လွှတ်တင်မည်

ရုရှားနိုင်ငံသည်  ကာဇက်စတန်နိုင်ငံရှိ Baikonur  အာကာသစခန်းမှ မေ ၁၆ ရက် တွင် ခေတ်မီဂြိုဟ်တု တစ်စင်းအား Proton ဒုံးကျည်ဖြင့် လွှတ်တင်ရေး ပြင်ဆင်လျက်ရှိကြောင်းရုရှား အာကာသအေ ဂျင်စီမှ ပြော ရေးဆိုခွင့်ရှိသူ တစ်ဦးက ထုတ်ဖော်ပြောကြား ခဲ့သည်ဟုသိရသည်။ အဆိုပါ Express-AM 4R ဂြိုဟ်တုကို မော်စကို ဒေသစံတော်ချိန် နံနက် ၁ နာရီ ၄၂ မိနစ်တွင် လွှတ်တင်ရန် စီစဉ်ထားကြောင်းနှင့်  ၎င်းဂြိုဟ်တု သည်  မော်စကို ဒေသစံတော်ချိန်  နံနက်  ၁ဝ  နာရီ ၅၅ မိနစ်တွင်  ဒုံးကျည်မှ သီးခြားခွဲ ထွက်သွားမည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
   အဆိုပါဂြိုဟ်တုကို   European Aeronautic Defense and Space Company (EADS) ၏ ကုမ္ပဏီခွဲ Astrium ကုမ္ပဏီမှ တည်ဆောက်ထားခြင်း ဖြစ်ပြီး ရုရှား နိုင်ငံ ၏၂ဝဝ၆-၂ဝ၁၅ ခုနှစ် အာကာသ အစီအစဉ်အရ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဂြိုဟ်တုတွင် ရုရှားနိုင်ငံနှင့် ရုရှားဦးဆောင်သော ဓနသဟာ ယနိုင်ငံများ (CIS) ရှိ ဂြိုဟ်တုဆက်သွယ် ရေးအတွက် အင်တာနာ ၁ဝ ခုနှင့် X-band C-band S-band  L-band Ku-bandနှင့် Ka-band ရေဒါများ စွမ်းရည် ကောင်းမွန်စေရေးအတွကTrans-ponder  ၆၃ ခုတို့ တပ်ဆင်ထားကြောင်း

သိရသည်။

No comments:

Post a Comment

back to top