ထိုင်းရွေးကောက်ပွဲ ဇူလိုင် ၂၀ ရက်တွင် ထပ်မံကျင်းပမည်
နိုင်ငံတွင်း ခြောက်
လကျော်ကြာအောင် နိုင်ငံရေး အရ ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေသည့် အခြေအနေကို လွန်
မြောက်နိုင်ရန်အတွက် ပါလီမန် ရွေးကောက်ပွဲသစ်များကို လာမည့် ဇူလိုင် ၂၀ ရက် တွင်
ကျင်းပသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ယင်လပ်နှင့် တွေ့ဆုံဆွေးနွေးပြီး နောက်
ထိုင်းရွေးကောက် ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာ သည်။
ပြီးခဲ့သည့် နိုဝင်ဘာတွင်
အတိုက်အခံများက အစိုးရနုတ်ထွက်ပေးရေး ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက်
ကြားဖြတ်အစိုးရအဖြစ် ဆက်လက်ရပ်တည်ခဲ့သော ဝန်ကြီးချုပ်ယင်လပ်အစိုးရသည် ဒီဇင်ဘာမှစ၍
ယခု လပိုင်းအထိ အစိုးရလုပ်ငန်းများ ကောင်းစွာလည်ပတ်နိုင်ခြင်းမရှိဘဲ နိုင်ငံရေး
အကျပ်အတည်းများ ဆက်တိုက် ရင်ဆိုင်နေရသည်။
ယင်လပ်ဦးဆောင်ကျင်းပ သော
ဖေဖော်ဝါရီရွေးကောက်ပွဲ မှာလည်း အတိုက်အခံတို့၏ ပိတ် ဆို့ ဆန္ဒပြမှုများ၊
ရွေးကောက်ပွဲ ဝင်မပြိုင်ဘဲ သပိတ်မှောက်မှုများ ရင်ဆိုင်ခဲ့ရပြီးနောက်
ပြီးခဲ့သည့်လတွင် အခြေခံ ဥပဒေတရားရုံးက ရွေးကောက်ပွဲကို ပြန်လည် ဖျက်သိမ်းကြောင်း
ဆုံးဖြတ် ကြေညာခဲ့ရာ ယင်လပ်မှာလည်း တရားစွဲဆိုခံထားရမှုနှစ်ခုဖြင့် ကြုံ
တွေ့နေရပြီး အပြစ်ရှိကြောင်း ထင်ရှားပါက ရာထူး မှ နုတ်ထွက် ရမည့်အပြင်
နိုင်ငံရေးပါဝင်ခွင့် များပါ ပိတ်ပင်ခံရဖွယ်ရှိနေသည်။
ယင်လပ်အစိုးရကို ထောက်
ခံအားပေးသူများကမူ ဗုဒ္ဓဟူးနေ့ တွင် ရွေးကောက်ပွဲကော် မရှင်က ကြေညာခဲ့သော ဇူလိုင်
ရွေးကောက်ပွဲ ရက်သတ်မှတ်ချက်မှာ အတိုက်အခံများဘက်ယိမ်းပြီး လုပ်ဆောင်သည်ဟု
စွပ်စွဲထား သည်။
အဘယ်ကြောင့်ဆိုသော်
ဝန်ကြီးချုပ်သည် လာမည့်သီတင်း ပတ်များအတွင်း အမှုများမှ စီရင်ချက်ထွက် မည်ဖြစ်ရာ အရေးယူခံရပါက
ထိုရွေးကောက်ပွဲတွင် ပါဝင်ရန် မဖြစ်နိုင်တော့သောကြောင့် ဖြစ်သည်။
ရွေးကောက်ပွဲ ကော်မရှင်
အထွေထွေအတွင်းရေးမှူး ပူချုန် နုထရာဝန်ကမူ ဇူလိုင်ရွေးကောက် ပွဲသည်
အောင်မြင်မှုရှိမည်ဟု ယုံကြည်ထားကြောင်း ပြောသည်။
No comments:
Post a Comment