ရုရှားနိုင်ငံ၏ ကျူးကျော်မှုအတွက် အသင့်အနေထားရှိကြောင်း ယူကရိန်း သမ္မတပြော
ရုရှားနိုင်ငံနှင့်
နယ်မြေချင်းထိစပ်နေသည့် စက်မှုလုပ်ငန်းထွန်းကားရာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းအား ရုရှားအစိုးရအာဏာပိုင်များ၏
ထိန်းချုပ်မှုလျော့ကျလာသည်ကို ပြသသည့်အနေဖြင့် ယူကရိန်းနိုင်ငံ မြို့အများ အပြားရှိ အစိုးရအဆောက်အအုံများကို
ရုရှားအစိုးရလိုလားသည့် ခွဲထွက်ရေးဝါဒီများက ထပ်မံသိမ်းပိုက် ခဲ့ကြသည်။ လူဦးရေ သုံးသိန်းနီးပါးရှိသည့်
ဟော်လစ်ကာမြို့ရှိ အစိုးရအဆောက်အအုံများကို အာရုံတင်ချိန် တွင် သေနတ်သမားများက သိမ်းပိုက်လိုက်သည်ဟု
ရိုက်တာသတင်းဌာနမှ ဓာတ်ပုံသတင်းသမားများက ဓာတ်ပုံအရိုကမခံကြောင်း သိရသည်။
ဟော်လစ်ကာမြို့ရှိ
အစိုးရအဆောက်အအုံများကို သိမ်းပိုက်သည့် သေနတ်သမားများသည် လက်နက် အအများအပြား တပ်ဆင်ထားကြပြီး
တူညီစစ်ဝတ်စုံဝတ်ဆင်ထားကြကာ အချို့သေနတ်သမားများသည် ယူကရိန်းနိုင်ငံ တလွှားရှိ မြို့များကို
သိမ်းပိုက်ရာတွင် တင်းပုတ်များ၊ သံကြိုးများ ကိုင်ဆောင်ထားသည့် ရုရှားအစိုးရလိုလားသော
ဆန္ဒပြသူများနှင့်အတူ ပူးပေါင်းခဲ့သူများဖြစ်ကြောင်း သိရသည်။ ယူကရိန်းနိုင်ငံ အရှေ့ဖျားရှိ
လူဟန့်စ်ဒေသမှ အယ်ခီဘတ်မြို့ရှိ မြို့တော်ကောင်စီ အဆောက်အအုံကို ၃၀ ခန့်က သိမ်းပိုက်လိုက်ကြောင်း
အင်တာဖက် ယူကရိန်းသတင်းဌာနက ထုတ်ပြန်သည်။
ယူကရိန်းစစ်တပ်အနေဖြင့်
ရုရှားစစ်သားများ နယ်စပ်တွင် အလုံးအရင်းဖြင့် တပ်စွဲထားရာမှ ကျူးကျော် ၀င်ရောက်လာမည့်
အလားအလာအတွက် တိုက်ပွဲဝင်တပ်လှန့်မှု အနေအထား၌
အပြည့်အ၀ ရှိကြောင်း ယူကရိန်းယာယီသမ္မတ အိုလက်ဆန်ဒါ တာချီနော့က ၀န်ကြီးများအစည်းအဝေးတစ်ခုတွင်
ထုတ်ဖော်ပြော ကြားသည်။ ယူကရိန်းနိုင်ငံမှ လက်နက်ကိုင် တပ်ဖွဲ့များသည် မြို့တော်ကိဗ်မြို့လယ်ခေါင်တွင်
စစ်ရေးလေ့ကျင့် မှုများ ပြုလုပ်မည်ဟု အစိုးရအဖွဲ့ကကြေညာသည်။ ယူကရိန်းနိုင်ငံအနေဖြင့်
ယင်းသို့ စစ်ရေးကြေညာမှုမျိုးကို ရပ်တန့်ရန် တောင်းဆိုသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက
တုံပြန်ပြောကြားသည်။
No comments:
Post a Comment