မန္တလေးတွင် ဆက်သွယ်ရေး
ကိစ္စရပ်များ ဖြေရှင်းရန် Complain Center မေလ ဖွင့်မည်
မန္တလေးမြို့အတွင်းရှိ
ဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သက်သော ကိစ္စရပ်မျာဖြေရှင်းပေးမည့် Complain Center တစ်ခုကို
မေလအတွင်း ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်နေသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မန္တလေးတိုင်း
မန်နေဂျာ ဦးစောထူးသာက ဧပြီလ ၂၉ရက်တွင် ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံ ပွဲတွင်ပြောကြားခဲ့ကြောင်း
သိရသည်။
ပြည်သူ့များ
မေးမြန်းမည့် ကိစ္စရပ်များအပေါ်မူတည်ပြီး မည်သည့် ပမာဏအထိ ဖြေရှင်းပေးနိုင်မည်ဆိုသော
ကိစ္စများ၊ ၀န်ထမ်းအင်အားနှင့် အရည်အချင်း မြှင့်တင်ခြင်းများ စတင်လုပ်ဆောင်နေပြီဟု
အဆိုပါ ဌာနက ဆိုသည်။
စင်တာဖွင့်လှစ်ရာတွင်
ဝန်ထမ်းအင်အား သုံးဦးသာ ထားရှိမည်ဖြစ်ပြီး ဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ် သက်သော ကိစ္စရပ်များ
အားလုံးကို ဖြေရှင်းဆောင်ရွက်ပေးရန် စီစဉ်ထားသည်။ လိုအပ်ပါ က မော်တော် ယာဉ်တစ်စီး အဆင့်သင့်ထားရှိကာ
ဆက်သွယ်ရေးနှင့် ပတ်သက်သော ပြုပြင်မှုများ လုပ်ဆောင်ပေးမည် ဟုလည်း ဆိုသည်။
ထို့ပြင်
မည့်သည့်နေရာတွင် ချို့ယွင်းချက်ဖြစ်ပေါ်နေသည်ကို သိရှိနိုင်သည့် စက်ကို တိုင်းရုံးအတွင်း ထားရှိကာ
ပြုပြင်မှုပြုလုပ်ရမည့် နေရာပေါ် မူတည်၍ တုန့်ပြန်ဆောင်ရွက်မှုများ ပြုလုပ်ရန် ဌာနက စီစဉ်ထားသည်။
No comments:
Post a Comment