Wednesday, May 28, 2014



Miss Asia Pacific Wolrd 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေမြတ်နိုးက Popularity Award ရရှိ















တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပနေတဲ့ Miss Asia Pacific Wolrd 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေမြတ်နိုးက Popularity Award ( လူကြိုက်အများဆုံး အလှမယ်ဆု ) ကို ဆွတ်ခူး ရရှိသွားပါတယ်။
Miss Asia Pacific Wolrd 2014 ပြိုင်ပွဲမှာ ဆုအမျိုးအစားအလိုက် ဆုရသူတွေကတော့ Best Costume Design Award ဆုကို Slovakia နိုင်ငံက အလှမယ်၊ Korea Wave Star Award ဆုကိုတော့ Bulgaria နိုင်ငံက အလှမယ်၊ Popularity Award ဆုကို Myanmar နိုင်ငံက အလှမယ် မေမြတ်နိုး ဖြစ်ပါတယ်။ World Star Award ဆုကိုတော့ Ecuador အလှမယ်က ရရှိပြီး Best Personal Talent Award ဆုကိုတော့ Armenia နိုင်ငံက အလှမယ်တို့က အသီးသီး ရရှိသွားပါတယ်။
အာဆီယံ ကွန်မြူနတီကလည်း မေမြတ်နိုး အခုလို ဆုရတဲ့အတွက် ဖေ့စ်ဘုတ်ကတဆင့်  ဂုဏ်ပြု စကားပြောဆိုထား ကြောင်းသိရှိရသည်။
 

No comments:

Post a Comment

back to top