မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ကြီးမှူး၍ IT Business Plan Contest 2014 ကျင်းပပြု လုပ်မည်
မြန်မာနိုင်ငံမှ ကွန်ပျူတာ ကျွမ်းကျင်ပညာရှင်
လူငယ်များသည် အိုင်တီနည်းပညာ ပိုင်းဆိုင်ရာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ကြရာတွင်
အထောက်အကူ ပြုစေလိုသော ရည်ရွယ် ချက်ဖြင့် IT Business Plan Contest 2014 ပြိုင်ပွဲကြီးကို
မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ကြီးမှူးပြီး ဂျပန်နိုင်ငံ CIESF အဖွဲ့၏ ဝိုင်းဝန်းကူညီမှုဖြင့်
လာမည့်ဇွန်လတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
ပြည်တွင်းမှ အိုင်တီကျွမ်းကျင်သူ လူငယ်များအတွက်
ရည်ရွယ် ကျင်းပသည့် အဆိုပါ IT Business Plan
ပြိုင်ပွဲကို လွန်ခဲ့သော ၂ဝ၁၁ ခုနှစ်မှ စတင်ကာ နှစ်စဉ်ကျင်းပ ပြုလုပ်ပေးခဲ့ပြီး
စွန့်ဦးတီ ထွင်သူ လူငယ် ပညာရှင်များသည် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင်
စီးပွားရေးပိုင်း ဆိုင်ရာ အတွေးအခေါ်များ၊ အကြံဥာဏ်ကောင်းများ၊ အကျိုးဖြစ်ထွန်း စေနိုင်သော
လုပ်ငန်းစီမံကိန်း များ တွေးခေါ်ကြံစည် နိုင်စွမ်း မြင့်မားလာစေရန် ရည်ရွယ် ချက်ဖြင့်
ပြုလုပ်ပေး ရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက
ပြောသည်။
ပြိုင်ပွဲတွင် Mobile Application နှင့်
Cloud Application ဟူ၍ ပြိုင်ပွဲအမျိုးအစား နှစ်မျိုးခွဲခြား ထားပြီး ပြိုင်ပွဲဝင်လို
သူများသည် Software Application များ ပေးပို့ရမည် မဟုတ်ဘဲ ၄င်းတို့ ဝင်ပြိုင်လိုသော
ပြိုင်ပွဲ အမျိုးအစားများနှင့် ပတ်သက်သည့် Business Plan များကိုသာ ပေးပို့ ယှဉ်ပြိုင်ရမည်
ဖြစ်ကြောင်း၊ အဆိုပါ Plan များကို ဇွန် ၁၅ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံ ကွန်ပျူတာ
အသင်းချုပ်သို့ ပေးပို့ရမည် ဖြစ်ပြီး ပထမအဆင့် အရွေးချယ် ခံရသူများ စာရင်းကို ဇွန်
၁၉ ရက်တွင် ထုတ်ပြန် ကြေညာပြီးနောက် နောက်ထပ် အဆင့်များ ဆက်လက် ယှဉ်ပြိုင်ရာတွင် အထောက်အကူ
ပြုစေရန် သက်ဆိုင်ရာမှ တစ်ပတ်ကြာ သင်တန်းပို့ချပေးမည် ဖြစ်ကြောင်းနှင့် အသေးစိတ် သိရှိလိုပါက
မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် ဖုန်း-ဝ၁-၆၅၂၃ဝ၇ သို့ ဆက်သွယ် စုံစမ်းနိုင်သလို
www.mcfmyanmar.org ဝက်ဘ်ဆိုက်တွင်လည်း ဝင်ရောက်လေ့လာ နိုင်ကြောင်း သိရသည်။
No comments:
Post a Comment