Wednesday, May 28, 2014

ပညာရေးနှင့် ဆက်နွှယ်သော ပညာရေးပြပွဲကို မြန်မာနိုင်ငံ၌ ပထမ ဦးဆုံး ကျင်းပမည် 

မြန်မာနိုင်ငံမှ လူငယ်ကျောင်းသား၊ ကျောင်းသူများ အထူးပညာရေး ဗဟုသုတရစေရန် ရည်ရွယ်၍ ပညာရေးနှင့် ဆက်နွှယ်သော Workshop များစွာ ပါဝင်သည့် ပညာရေး ပြပွဲကြီးကို STUDY ABROAD Information Centre မှ ကြီးမှူး၍ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသည့် မြို့ကြီးတို့၌ ကျင်းပသွား မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲကို STUDY ABROAD Road Show 2014 ဟု အမည်ပေးထားပြီး ဇွန် ၁၄ ရက်တွင် မန္တလေးမြို့ Hotel Mandalay ၌လည်းကောင်း၊ ဇွန် ၁၅ ရက်တွင် တောင်ကြီးမြို့ Cherry Queen Hotel ၌ လည်းကောင်း၊ ဇွန် ၁၈ ရက်တွင် ရန်ကုန်မြို့ Sky Star Hotel ၌လည်းကောင်း ကျင်းပမည် ဖြစ်ပြီး မြို့ကြီး သုံးမြို့လုံးတွင် ပွဲချိန်များကို ညနေ ၃ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပ မည် ဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top