ရန်ကုန်မြို့ရှိ
တိရစ္ဆာန်ဥယျာဉ် အနီးတွင် တည်ရှိသော ကန်တော်ကြီး ရေချို ငါးပြတိုက်ကို နိုင်ငံတကာ အဆင့်မီ
ငါးပြတိုက်ကြီး အဖြစ် ပြန်လည်ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ယခုနှစ် မေလမှ စတင်၍ တစ်နှစ်ခွဲခန့်
ခေတ္တ ပိတ်ထားမည် ဖြစ်ကြောင်း အဆိုပါ ငါးပြတိုက်ကို အဆင့်မြှင့်တင်ကာ ပြန်လည် ဆောက်လုပ်ရန်
လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိခဲ့သော Myan-mar Aquarium ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
အဆိုပါ
ကန်တော်ကြီး ရေချို ငါးပြတိုက်သည် ရန်ကုန်မြို့တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်း က
ဆောက်လုပ်ခဲ့သော နိုင်ငံတော်ပိုင် ငါးပြတိုက် ဖြစ်သည်။ ၎င်းကို နိုင်ငံတကာ အဆင့်မီ ငါးပြတိုက်ကြီး
အဖြစ် ပြန်လည် ဆောက်လုပ်ကာ အဆင့်မြှင့်တင်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး တိုင်းငါးလုပ်ငန်း
ဦးစီးဌာနက ကြီးမှူး၍ စိတ်ဝင်စားသော ကုမ္ပဏီ များနှင့် စီးပွားရေး လုပ်ငန်းရှင် များကို
တင်ဒါ ခေါ်ယူခဲ့ရာ Myanmar Aquarium ကုမ္ပဏီက
တင်ဒါအောင်မြင်ကာ လုပ်ကိုင် ဆောင်ရွက်ခွင့် ရရှိခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင်
အပြီးသတ် တည်ဆောက်ကာ Yangon Ecological Aquarium အဖြစ် ဖွင့်လှစ်သွားရန် စီစဉ် ထားကြောင်း
သိရသည်။
အသစ်ပြန်လည်
ဖွင့်လှစ်မည့် Yangon Ecological Aquarium ငါးပြတိုက်ကြီးတွင် ရေချို ငါးများနှင့်
ရေငန် ငါးများအပြင် တခြားသော ကမ္ဘာ့ရှားပါး မျိုးစိတ်ဝင် ရေနေ သတ္တဝါများ ကိုလည်း ထည့်သွင်း
ပြသသွား မည် ဖြစ်ပြီး ရေအောက် ငါးကမ္ဘာ၊ အသေးစား ရုပ်ရှင်ရုံနှင့် စားသောက်ဆိုင်များ
ကိုလည်း ထည့်သွင်း တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ
ငါးပြတိုက် အသစ်ကို ဆောက်လုပ်ရန် အတွက် Myanmar Aquarium ကုမ္ပဏီနှင့် သက်ဆိုင်ရာမှ
တာဝန်ရှိသူ များသည် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် စက်ဝိုင်းခြမ်း ပုံစံ
အဆောက်အအုံ အဖြစ် ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment