Wednesday, May 28, 2014


အစိုးရ ၀န်ထမ်းများ အတွက်သာ ရည်ရွယ်ပြီးပြေးဆွဲ သွား မည့် နေပြည်တော်-ရန်ကုန်ခရီးစဉ်ယာဉ်လိုင်း
နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်အရ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး ပြေးဆွဲမှုဖြင့် အစိုးရ၀န်ထမ်းများအတွက် နေပြည်တော်-ရန်ကုန် ခရီးစဉ်သီးသန့် ယာဉ်လိုင်းကို ပြီးခဲ့တဲ့ မေလ(၁၆)ရက်နေ့က စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။ နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများအနေနဲ့ ရုံးပိတ် ရက်တွေမှာ ရန်ကုန်ကို အဆင်ပြေစွာ သွားလာနိုင်ဖို့အတွက် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေး မှ ၀န်ထမ်းတစ်ဦးကို (၃၅၀၀)ကျပ်နဲ့ ရန်ကုန်-နေပြည်တော်ခရီးစဉ်ကို ပြီးခဲ့သည့် မေလ  (၁၆)ရက် နေ့မှ စတင်ကာ ပြေးဆွဲနေကြောင်း သိရသည်။
ဒီခရီးစဉ်ပြေးဆွဲမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦးကလည်း အခုလို ပြောပြခဲ့ပါတယ်။ ခရီးသည် ပို့ဆောင်ရေး ဌာနခွဲအမှတ်(၅)လိုင်း ကုန်လမ်းပို့ဆောင်ရေး ဒါ့အပြင် ခရီးသည်တစ်ဦးမှလည်း ခရီးစဉ်ပြေးဆွဲမှုနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါတယ်။ အခုလို နေပြည်တော်-ရန်ကုန်ခရီးစဉ်ကို ပြေးဆွဲရာမှာ သောကြာနေ့ ညနေ (၆)နာရီ မှာနေပြည်တော်မှ ထွက်ခွာပြီး ရန်ကုန်ကနေ တနင်္ဂနွေနေ့ ညနေ(၆)နာရီမှာ ပြန်လည်ထွက်ခွာ ပြေးဆွဲ လျက်ရှိပါတယ်။
ယခုလက်ရှိမှာတော့ တစ်ပတ်ကို (၂)ရက်သာ ပြေးဆွဲနေပြီး သက်ဆိုင်ရာမှ ညွှန်ကြားချက်အရ ခရီးသည် အနည်း အများပေါ်မူတည်ပြီး တိုးချဲ့ပြေးဆွဲသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရသည်။ ပြေးဆွဲတဲ့ ယာဉ်လိုင်း တွေဟာ အခြားယာဉ်လိုင်းများနည်းတူ ခရီးသည်များ သက်တောင့်သက်သာရှိစေရန် စီစဉ်ထား တယ်လို့ သိရပါတယ်။
အခုလို ၀န်ထမ်းများအတွက် သီးသန့်ပြေးဆွဲရတဲ့ ရည်ရွယ်ချက်ကတော့ ၀န်ထမ်းများအနေနဲ့ ရုံးပိတ်ရက်များမှာ သွားလာရလွယ်ကူစေရန်နဲ့ ဘေးကင်းလုံခြုံစွာ စီးနင်းနိုင်ရန်အတွက်ဖြစ်တယ်လို့ သိရပါတယ်။
 ref;mrtv-4

No comments:

Post a Comment

back to top