Wednesday, May 28, 2014

ခရောင်းပလာဇာ ဂေါက်သီးရိုက် ပြိုင်ပွဲမှာ အဒမ်စကော့ ဗိုလ်စွဲ






ဆုကြေးစုစုပေါင်း ဒေါ်လာ(၆)သန်း(၄)သိန်းပေးတဲ့ ခရောင်းပလာဇာ ဂေါက်သီးရိုက်ပြိုင်ပွဲဟာ အမေရိကန် ပြည်ထောင်စု တက်ဆပ်ပြည်နယ် ဖို့ဒ်ဝပ်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားပါတယ်။ အဲဒီပြိုင်ပွဲမှာ မကြာမီကမှ ကမ္ဘာ့နံပါတ်(၁) နေရာရထားတဲ့ အဒမ်စကော့က ဂျေဆင်ဒပ်ဖ်နာကို ပလေးအော့ဖ်မှာ အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။ နောက်ဆုံးနေ့မှာ သူတို့(၂)ဦးဟာ လေးရက်ပေါင်း (၂၇၁)ချက်စီနဲ့ (၉)ချက်လျော့စီ ရိုက်ချက်တူ နေပါတယ်။ ဒါကြောင့် ကျင်းပိုထပ်ကစားမှ သြစတြေးလျ ဂေါက်သီးသမား အဒမ်စကော့က အနိုင်ရပြီး ပီဂျီအေတိုး ချန်ပီယံဆုကို (၁၁)ကြိမ်မြောက် ရသွားပါတယ်။ သူ့သက်တမ်း တစ်လျှောက်မှာတော့ (၂၄)ခုမြောက် အောင်ပွဲကိုရတာ ဖြစ်ပါတယ်။ အဒမ်စကော့ဟာ မနှစ်က မာစတာ ချန်ပီယံဆုကိုလည်း ရခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကိုလိုနီယယ်ကန်းထရီးကလပ် ဂေါက်ကွင်းမှာ ဗိုလ်စွဲနိုင်တဲ့ စတုတ္ထမြောက် သြစတြေးလျ နိုင်ငံသားအဖြစ်လည်း မှတ်တမ်း ၀င်သွားပါတယ်။ အမေရိကန် ဂေါက်သီးသမား ဂျေဆင်ဒပ်ဖ်နာက ဒုတိယရပြီး ဆွီဒင်ဂေါက်သီးသမား ဂျက်ကော့ဆင်နဲ့ အမေရိကန် ဂေါက်သီးသမား နီကိုလတ်သွန်ဆင်တို့က (၂၇၂)ချက်စီနဲ့ ပူးတွဲတတိယ ရပါတယ်။

No comments:

Post a Comment

back to top