(၆၇)ကြိမ်မြောက် ကိန်းစ်ရုပ်ရှင် ပွဲတော်ကို Grace of Monaco ဇာတ်ကားဖြင့် စတင်ဖွင့်လှစ်
(၆၇)ကြိမ်မြောက်
ကိန်းစ် ရုပ်ရှင်ပွဲတော်ကို မေ ၁၄ရက်တွင် ဟောလီးဝုဒ် မင်းသမီးချော
နီကိုးလ်ကစ်ဒမင်း ပါဝင် သရုပ်ဆောင် ထားသော Grace of Monaco ဇာတ်ကား ဖြင့်
စတင်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
Grace of Monaco ဇာတ်ကားတွင် နီကိုးလ်
ကစ်ဒမင်းသည် မိုနာကို နိုင်ငံမှ တတိယဆက်မြောက် မင်းသား Rainier ၏
ကြင်ယာတော် Grace Kelly အဖြစ် သရုပ် ဆောင် ထားသည်။
၎င်းဇာတ်ကားသည် အငြင်းပွားဖွယ် အခြေအနေ များကြားမှ ကိန်းစ်ရုပ်ရှင် ပွဲတော်တွင် ပွဲဦးထွက် ရုံတင်ပြသ ခဲ့ခြင်းဖြစ်သည်။
Grace of Monaco ဇာတ်ကားကို ရိုက်ကူးသော
ဒါရိုက်တာ အိုလီဗာဒါဟန်သည် အဆိုပါ ဇာတ်ကားနှင့် ပတ်သက်၍ မြောက်အမေရိကရှိ
Weinstein ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီနှင့် အဆင်မပြေ ဖြစ်ခဲ့ရသည်။
ထို့ပြင် ၎င်းဇာတ်ကားတွင်ပါဝင်သော အကြောင်းအရာ များနှင့် ပတ်သက်၍ မိုနာကို
မင်းသမီး စတီဖနီက သူမ မိဘနှစ်ပါး၏ အကြောင်းအရာ အချို့မှာ
မှားယွင်းနေကြောင်း ဝေဖန် ပြောထားသည်ဟု သိရသည်။
ယခုနှစ်၏ ကိန်းစ်ရုပ်ရှင် ပွဲတော်၌
၁၉၉၃ခုနှစ်တွင် The Piano ဇာတ်ကားဖြင့် Palmed' Or ဆုရရှိခဲ့သော အမျိုးသမီးရုပ်ရှင်ထုတ်လုပ်သူဂျိန်းချန်ပီယံကဒိုင်လူကြီးအဖွဲ့ ခေါင်းဆောင်အဖြစ်
ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment