Friday, May 2, 2014



စစ်အသုံးစရိတ် တိုးမြှင့်မှု အဖြစ် ဥရောပ နိုင်ငံများမှ လက်နက်များနှင့် စစ်ဘက် နည်းပညာများ တရုတ် လက်ခံ ရရှိ

တရုတ်နိုင်ငံသည် ၎င်း၏ စစ်အသုံးစရိတ်ကို တိုးမြှင့်သုံးစွဲမှုအဖြစ် ဥရောပနိုင်ငံများမှ အမေရိကန်ဒေါ်လာ ဘီလီယံများစွာ တန်ဖိုးရှိ လက်နက်များနှင့် စစ်ဘက်ဆိုင်ရာ နည်းပညာများကို  လက်ခံရရှိခဲ့ကြောင်း  သိရသည်။
တရုတ်လေတပ်တွင် ပြင်သစ်မှ ဒီဇိုင်းရေးဆွဲခဲ့ သည့် ရဟတ်ယာဉ်များ အသုံးပြု အားထားနေ ရပြီး ရေငုပ် သင်္ဘောများနှင့် ဖရီးဂိတ် စစ်သင်္ဘောများတွင် ဂျာမနီနှင့်ပြင်သစ်လုပ် အင်ဂျင်များတပ်ဆင် အသုံးပြု လျက်ရှိသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၎င်း၏ ပြင်သစ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ၌  အရပ် ဘက်သုံး Airbus Ec 175 ရဟတ်ယာဉ်များ ထုတ်လုပ်မှုကို အရှိန်မြှင့် ဆောင်ရွက်သွားရန် ထုတ်ပြန်ကြေ ညာခဲ့ပြီး ၎င်းနည်းပညာများသည်  စစ်ဘက်သို့လွှဲ ပြောင်းပေးအပ်ဖွယ် ရှိကြောင်း   လေ့လာ ဆန်းစစ်သူ တစ်ဦးက ပြောကြားခဲ့သည်။
ဟောင်ကောင်အခြေစိုက်  Kanwa Asian Defence Review စာစောင်၏ အယ်ဒီတာ Andrei Chang က တရုတ် စစ်ဘက်အတွက် ဥရောပမှ သွင်းကုန်များသည် အလွန်အရေးပါကြောင်းနှင့် ဥရောပနည်းပညာများ မပါဝင်ဘဲ တရုတ် ရေတပ်အနေဖြင့် လှုပ်ရှားနိုင်စွမ်း မရှိကြောင်း ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂမှ လက် နက် ရောင်းချသူများသည် ၂ဝ၁၂ ခုနှစ်မတိုင်မီ ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံသို့ ယူရို ၃ ဘီလီယံ (အမေရိကန် ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံ) တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများတင်သွင်းရန် ခွင့်ပြုချက်များ ရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top