တောင်တရုတ် ပင်လယ် အတွင်း အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ကုန်ကျမည့် ကျွန်းတု တည်ဆောက်ရေး တရုတ် စီစဉ် လျက်ရှိ
တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ ပင်လယ်ပြင် အထူးစီးပွားရေးဇုန် (EEZ) မိုင် ၂ဝဝ အကွာအဝေး အတွင်းရှိ စပရတ်တလီ ကျွန်းစု၌ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ကုန်ကျမည့်
ကျွန်းတု တစ်ခု တည်ဆောက်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံပိုင်
သင်္ဘော တည်ဆောက်ရေး ကော် ပိုရေး ရှင်း၏ အမှတ်(၉) ဒီဇိုင်း ရေးဆွဲရေးနှင့်
သုတေသနရေး ဌာနသည် စပရတ်တလီ ကျွန်းစုအတွင်းရှိ တရုတ်က ထိန်းချုပ်ထား
သောFiery Cross ကျောက်တန်းတွင် တည်ဆောက်မည့် ကျွန်းတုပုံစံကို
ဒီဇိုင်းရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း Qianzhan အွန်လိုင်း သတင်းဝက်ဘ်ဆိုက်က
ဖော်ပြခဲ့သည်။
အဆိုပါ Fiery Cross ကျောက်တန်းအနီးတွင်
ပင်လယ်ရေမျက်နှာပြင် အထက် ၃ မီတာ မြင့်ပြီး ၅ စတုရန်း ကီလိုမီတာ
ကျယ်ဝန်းသော စစ်အခြေစိုက် စခန်းတစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်း၊
တည်ဆောက် မှု ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ရှိမည်ဖြစ်ပြီး ၁ဝ
နှစ် တာကာ လအတွင်း အပြီးသတ် ဆောင်ရွက်နိုင်ဖွယ် ရှိကြောင်းနှင့် အဆိုပါ
တည်ဆောက်မှုမှာ အလေးချိန်တန် ၁ဝဝ,ဝဝဝ ရှိ နျူကလီးယား စွမ်းအင်သုံး
လေယာဉ်တင်သင်္ဘော တစ်စင်းတည်ဆောက်မှု ကုန်ကျစရိတ်နှင့် တူညီနေကြောင်း ၎င်း
ဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။
အဆိုပါကျွန်းတုမှာ တရုတ်နိုင်ငံအတွင်း
မဟာဗျူဟာမြောက် အရေးပါသော စစ်အခြေစိုက် စခန်း တစ်ခု ဖြစ်လာမည်ဖြစ်ပြီး
အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံ၏ ရပ်တည်မှုကဏ္ဍကို ခိုင်မာစေ မည်
ဖြစ်ကြောင်းနှင့် တောင်တရုတ် ပင်လယ်အတွင်း သြဇာချဲ့ထွင်ရေး ကြီးမားသည့်
အခွင့်အလမ်း ရရှိစေမည်ဖြစ်ကြောင်း ၎င်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။ ထို့အပြင်
တရုတ်စစ်ဘက်သည် ဖိလစ်ပိုင်နိုင်ငံ Palawan ပြည်နယ် အနီးရှိ Panganiban
(Mischief) ကျောက်တန်းတွင်လည်း ကျွန်းတုတစ်ခု တည်ဆောက်ရေး စီစဉ်ထား
ကြောင်းနှင့် အဆိုပါကျွန်းကို စစ်ရေးရည်မှန်းချက်အတွက် အသုံးပြုရေး အပြင်
တောင်တရုတ်ပင်လယ် အတွင်းရှိ ငါးဖမ်းလုပ်ငန်း စင်တာတစ်ခုအသွင်
အသုံးပြုသွား မည် ဖြစ်ကြောင်း လည်း ၎င်း ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်ဟု သိရသည်။
No comments:
Post a Comment