Thursday, May 15, 2014


တောင်တရုတ် ပင်လယ် အရေးကိစ္စသည် အာဆီယံနှင့် တရုတ်နိုင်ငံ တို့အကြား ပြဿနာတစ်ရပ် မဟုတ်ကြောင်း တရုတ်ပြောကြား
၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို အာဆီယံ ဥက္ကဌ အဖြစ် ဆောင် ရွက်နေသော မြန်မာနိုင်ငံတွင် မေ ၁ဝ ရက်က ကျင်းပခဲ့ရာအာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ မှ တောင်တရုတ် ပင်လယ်အတွင်း လတ်တလောဖစ်ပွားနေသည့် အရေးကိစ္စနှင့် ပတ်သက်၍ အလွန် အမင်း စိုးရိမ်ပူပန်မိကြောင်းနှင့် ငြိမ်းချမ်းစွာ ဖြေရှင်း ဆောင်ရွက်သင့်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
ထို့သို့ကြေညာခဲ့ပြီးနောက် တောင်တရုတ်ပင်လယ် အရေးကိစ္စများသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ပြဿနာ တစ်ရပ် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ Hua Chunying မှ ထိုနေ့မှာပင် ပြန်လည် ဖြေရှင်းခဲ့သည်။ တရုတ်နိုင်ငံ အနေဖြင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် မိတ်ဘက်အဖွဲ့များ အဖြစ် ဆက်ဆံရေးကို ထိခိုက်စေရန် တောင်တရုတ်ပင်လယ် အရေးကိစ္စကို ခုတုံးလုပ်နေသော နိုင်ငံများ အား ဆန့်ကျင်ကြောင်းနှင့် ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို စောင့်ရှောက် ကာကွယ်ရန်နှင့် တောင်တရုတ် ပင်လယ်ကိစ္စရပ်ဆိုင်ရာ ကြေညာချက်များကို အောင်မြင်စေရန်နိုင်ရေး အာဆီယံနှင့်အတူ လက်တွဲလုပ်ဆောင်ရန် အသင့် ရှိနေကြောင်းလည်း ဖြည့်စွက် ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top