ကမ္ဘာ့ဖလား ပြင်ဆင်မှုအတွက် ကာတာ ရှင်းလင်းတဲ့ သတင်း
(၂၀၂၂)ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေး ကော်မတီက ဆက်သွယ်ရေးနဲ့ ဈေးကွက် အမှုဆောင်ဒါရိုက်တာ နက်ဆာအယ်ခါတာက ကာတာနိုင်ငံရဲ့ ကမ္ဘာ့ဖလားပွဲ ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က ဆွေးနွေးပါတယ်။ ဂျော်ဒန်နိုင်ငံမှာ ကျင်းပတဲ့ Soccerex(၂၀၁၄)ဖိုရမ်မှာ အယ်ခါတာက ကာတာနိုင်ငံရဲ့ (၂၀၂၂)ကမ္ဘာ့ဖလားပွဲ ကတိက၀တ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးတာ ဖြစ်ပါတယ်။ သူဆွေးနွေးတဲ့ အကြောင်းအရာတွေထဲမှာ ပြည်ပက လာရောက် လုပ်ကိုင်တဲ့ အလုပ်သမားတွေရဲ့ အခြေအနေလည်း ပါဝင်ပါတယ်။ အဓိကကတော့ အပူရှိန်ပြင်းလွန်းတဲ့ ကာတာ ရာသီဥတုကို အားကစားကွင်းတွေထဲမှာ မခံစားရအောင် အဆင့်မြင့် နည်းပညာတွေနဲ့ တည်ဆောက်သွားမယ်လို့ အယ်ခါတာ ကတိပြုသွားပါတယ်။ "ကျွန်တော်တို့ အတွက်တော့ အေးမြအောင် လုပ်တဲ့နည်းပညာက အသစ်အဆန်း မဟုတ်တော့ပါဘူး။ (၂၀၀၇)၊(၂၀၀၈)ခုနှစ်လောက်ကစပြီး လေအအေးဓာတ် ပေးထားတဲ့ ကွင်းတွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ အခုလည်း သဘာဝ ပတ်ဝန်းကျင်နဲ့ ပိုမိုအဆင်ပြေမယ့် ကွင်းတွေကို ကျွန်တော်တို့ တည်ဆောက်နေပါတယ်။ အောင်မြင်တဲ့ သာဓကတွေလည်း ရှိပါတယ်"လို့ ဒါရိုက်တာ အယ်ခါဒါက ပြောပါတယ်။ ဒီဖိုရမ်မှာ တိုက်ကြီး(၅)တိုက်က ပြိုင်ပွဲ (၃၀)ကျော်နဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။
No comments:
Post a Comment