အိန္ဒိယ နိုင်ငံ
ရွေးကောက်ပွဲ၏ နောက်ဆုံးအဆင့် ရွေးကောက်ပွဲအား မေ ၁၂ ရက်တွင် အနောက်ဘန်ဂေါ ၊
ဘီဟာနှင့် ဥတ္တရာပရာဒက်ရှ် ပြည်နယ်တို့တွင်ကျင်းပခဲ့သည်။
အိန္ဒိယ နိုင်ငံအောက်
လွှတ်တော်အမတ် နေရာ ၄၁ နေရာ ရှိသည့်အနက် ဥတ္တရာပ ရာဒက်ရှ် ပြည်နယ်အတွက် အမတ်နေရာ (၁၈)
နေရာ ၊ ဘီဟာပြည်နယ်အတွက် အမတ်နေရာ (၆) နေရာ ၊ အနောက်ဘန်ဂေါ ပြည်နယ်အတွက် အမတ်နေရာ
(၁၇) နေရာ အတွက် ရွေးကောက်ပွဲ ကျင်းပ ခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲတွင်
လက်ရှိအာဏာရ ပါတီနှင့် အတိုက်အခံ The Bharatiya Janata Party -BJP
ပါတီတို့မှ ကိုယ်စားလှယ်များ အများအပြား ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ် သည်။
နောက်ဆုံးအဆင့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် မဲဆန္ဒရှင် ကိုးသန်းကျော်
မှတ်ပုံတင် ထားပြီး ရွေးကောက်ပွဲအဆင့် ရှစ်ဆင့်တွင် မဲဆန္ဒရှင် ၆၆ ရာခိုင်နှုန်း
လာရောက် မဲပေးခဲ့ကြသည်။ မဲရလဒ်များအား မေ ၁၆ ရက်တွင် ထုတ်ပြန် ကြေညာသွားမည်
ဖြစ်သည်။
No comments:
Post a Comment