Friday, May 2, 2014


ကုန်းလမ်း ပို့ဆောင်ရေးက ရန်ကုန်မြို့တွင်းမှာ စီးတီးဘတ်စ် ယာဉ်လိုင်းတွေ ပြေးဆွဲတော့မည်
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ကုန်းလမ်း ပို့ဆောင်ရေးက forever green right service company limited  နဲ့ ပူပေါင်းပြီး ရန်ကုန်မြို့တွင်းမှာ စက်တင်ဘာလကစပြီး စီးတီးဘတ်စ် ၂၅ စီးနဲ့ ယာဉ်လိုင်းတခု စတင် ပြေးဆွဲတော့မှာ ဖြစ်ကြောင်းသိရှိရသည်။ ပြေးဆွဲမယ့် ယာဉ်များမှာ ကိုရီးယား နိုင်ငံထုတ် ဟွန်ဒိုင်း အမျိုးအစား Gas အသုံးပြုတဲ့ စီတီးဘတ် စုစုပေါင်း ၇၅ စီး တင်သွင်းပြီး မြို့တွင်းမှာ ပြေးဆွဲသွားမှာ ဖြစ်သလို အဝေးပြေး ယာဉ်လိုင်းတွေကိုလည်း ကားအသစ်တွေ ဝယ်ယူ ပြီး ပြေးဆွဲသွားဖို့ ရှိကြောင်းသိရသည်။
ယာဉ်လိုင်း တည်ထောင်ပြေးဆွဲဖို့အတွက် “စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုက ကျပ်သန်းပေါင်း ၇၄၀၀ ရှိပြီး၊ သူတို့က ကျပ်သန်းပေါင်း ၇၄၀၀ ထည့်ဝင်ထားပြီးတော့ ကျနော်တို့က ကုန်းလမ်း ပို့ဆောင်ရေးရှေ့ က မြေဧက ၂ ဒဿမ ၅ ဧကမှာ နှစ် ၃၀ ငှားရမ်း စရိတ်ကို ကျပ်သန်းပေါင်း ၃၀၆၀၀ နဲ့ သတ်မှတ်ပြီးတော့မှ သူက ၇၀ ရာခိုင်နှုန်း၊ ကျနော်တို့က ၃၀ ရာခိုင်နှုန်းနဲ့ ဒီလုပ်ငန်းကို အကျိုးအမြတ်ယူပြီး ဒီမြေနေရာမှာ အလုပ်လုပ်မှာဖြစ်ကာ၊ပြေးဆွဲ မယ့် ယာဉ်လမ်းကြောင်းနဲ့ ယာဉ်စီးခ နှုန်းထားကိုတော့ ရန်ကုန်တိုင်း ဒေ သကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ကုန်းလမ်း သယ်ယူပို့ဆောင်ရေး အနေနဲ့ နောက်ထပ် ပူးပေါင်းလုပ်ကိုင်မယ့် ကုမ္ပဏီတွေ ရှိရင်လည်း ပူးပေါင်း လုပ်ကိုင်သွားမယ်လို့ သိရသည်။

No comments:

Post a Comment

back to top