Monday, May 5, 2014

အရှေ့အာရှနှင့် အရှေ့တောင်အာရှ အိုလံပစ် ကော်မတီများ အတွက် ဒေသ ဆိုင်ရာ ဖိုရမ် နေပြည်တော်၌ ကျင်းပမည်
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ အိုလံပစ် သွေးစည်း ညီညွတ်ရေးနှင့် အာရှအိုလံပစ် ကောင်စီတို့၏ အရှေ့အာရှနှင့် အရှေ့ တောင် အာရှအိုလံပစ် ကော်မတီ များအတွက် ဒေသ ဆိုင်ရာ ဖိုရမ် အစည်းအဝေး COS/ OCA Regional Forum For East and Southeast Asia Noc ကို မေ ၁၁ ရက်မှ ၁၂ ရက်ထိ နေပြည်တော်ရှိ The Hotel Royal ACE ၌  လက်ခံ ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ အစည်းအဝေးကို အိုလံပစ်သွေးစည်း ညီညွတ်ရေးမှ လေးဦး၊ အာရှအိုလံပစ် ကော်မတီမှ ငါးဦး၊ အရှေ့အာရှ ရှစ်နိုင်ငံမှ ကိုယ်စားလှယ် ၁၆ ဦး၊ အရှေ့တောင်အာရှ ၁ဝ နိုင်ငံမှ ကိုယ်စားလှယ် ၂၂ ဦး၊ (၁၇)ကြိမ်မြောက် အင်ချုံ အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ကော်မတီငါးဦး၊ (၄)ကြိမ်မြောက် ဖူးခက် အာရှသဲသောင်ပြင် အားကစားပြိုင်ပွဲ ကျင်းပရေး ကော် မတီ ငါးဦး၊ ဒုတိယအကြိမ် နန်ဂျင်းလူငယ် အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပရေး ကော်မတီ ခြောက်ဦး  စုစုပေါင်း ၆၃ ဦး တက်ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

back to top