Monday, May 5, 2014

စက်မှုဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီ ပူးပေါင်း၍ ကားထုတ်​လုပ်မည်
စက်မှုဝန်ကြီး ဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်း၍ အင်ဂျင်ပါဝါ ၁ဝဝဝ စီစီအောက် ဂျပန်ကား များကို ထုတ်လုပ် ရောင်းချရန် စီစဉ်ထားကြောင်း၊ ဇွန်လအတွင်း ထုတ်လုပ်မှု စတင်မည် ဖြစ်ပြီး ငွေကျပ် သိန်း ၆ဝ နှင့် ၇ဝ ကြားတွင် ရောင်းချပေးမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
စက်မှုဝန်ကြီးဌာန အနေဖြင့် ယခင်က မြန်မာမီနီ ဆလွန်းကားများကို ထုတ်လုပ် ရောင်းချခဲ့ပြီး ပြည်တွင်း ကားဈေးကွက်တွင် အခိုင်အမာ နေရာရယူ ထားနိုင်ခဲ့ကြောင်းနှင့် နောင်ထုတ်လုပ်မည့် ကားများမှာ လည်း ဈေးကွက်တွင် အောင်မြင်မှု ရနိုင်မည်ဟု ခန့်မှန်း ထားကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

back to top