အမေရိကန် နိုင်ငံတွင်
ကျင်းပမည့် ရိုးရာလက်မှု အနုပညာ ပြပွဲ သို့ ထွေးဦးမြန်မာ ရုပ်စုံအဖွဲ့ ဇူလိုင် လဆန်းတွင်
သွားရောက်မည်
အမေရိကန်
နိုင်ငံတွင် ကျင်းပမည့် နိုင်ငံပေါင်း ၅ဝ ကျော်မှ ရိုးရာလက်မှု အနုပညာများ ပါဝင်ပြသမည့်
ရိုးရာလက်မှု အနုပညာ ပြပွဲသို့ မြန်မာနိုင်ငံမှ ရိုးရာကြိုးဆွဲ ရုပ်သေး အနုပညာ အကြောင်းကို
ထွေးဦးမြန်မာ ရုပ်စုံအဖွဲ့မှ ဇူလိုင် ၈ ရက်တွင် သွားရောက် ပြသမည်ဟု သိရသည်။
အမေရိကန်
နိုင်ငံတွင် ကျင်းပမည့် ရိုးရာလက်မှု အနုပညာ ပြပွဲကို ဇူလိုင် ၁၁ ရက်မှ ၁၃ ရက် အထိ ၃
ရက်ကြာ ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံမှ ထွေးဦးမြန်မာ ရုပ်စုံအဖွဲ့ အနေဖြင့် ဒုတိယ
အကြိမ် သွားရောက် ပြသခြင်းဖြစ်သည်။
အမေရိကန်
နိုင်ငံတွင် ကျင်းပမည့် ရိုးရာ လက်မှု အနုပညာ ပြပွဲသို့ တက်ရောက်ပြသခွင့် ရရန် လျှောက်လွှာများ
ကြို၍ တင်ရသည်ဟု သိရသည်။ ယခုနှစ်ပွဲအတွက် ကမ္ဘာအရပ်ရပ်မှ ရိုးရာလက်မှု အနု ပညာရှင် ၄၃၁
ဦး လျှောက်ထားမှုပြုခဲ့ပြီး အဆိုပါ လျှောက်ထားသူများအနက် နိုင်ငံပေါင်း ၅ဝ ကျော်မှ
အနုပညာရှင် အဟောင်းနှင့် အသစ် ၁၅ဝ ခန့်ကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
No comments:
Post a Comment