Monday, May 5, 2014

ကမ္ဘာကျော် အဆိုတော် ရှကီရာ တေးအယ်လ်ဘမ်သစ် အရောင်းမြှင့်တင်ရေးပွဲတက်ရောက်

 





ကမ္ဘာကျော် အဆိုတော် တစ်ဦးဖြစ်သူ ရှကီရာသည် အနက်ရောင် ဦးထုပ်ရှည်၊ အနက်ရောင် တီရှပ်၊  အနက်ရောင်  ဂျင်းဘောင်းဘီကျပ် တို့ကို ဝတ်ဆင်ကာ သူမ၏  ရွှေအိုရောင် ဆံ ကေသာကို အရှေ့သို့ချလျက် အနက်ရောင် ဖိနပ်ကို ၀တ်ဆင်ပြီး သူမ၏ နောက်ဆုံးထွက် တေးအယ်လ်ဘမ်သစ် အရောင်းမြှင့်တင်ပွဲသို့ တက်ရောက်ခဲ့သည်။
အသက် ၃၇ နှစ်အရွယ်ရှိ  ရှကီရာသည် သူမအနှစ်သက်ဆုံး ဖက်ရှင် ဒီဇိုင်းကို လော့စ်အိန်ဂျလိစ်မြို့ရှိ The Elvis Duran Z100 Morning Show တွင်ပြုလုပ်သည့်     တေးအယ်လ်ဘမ်သစ် အရောင်း မြှင့်တင် ပွဲတွင် ထုတ်ဖော် ပြသ ခဲ့ခြင်းဖြစ်သည်။
ရှကီရာသည် ၂ဝ၁ဝ ကမ္ဘာ့ဖလား အတွက် ဝါကာဝါကာ သီချင်း ဗီဒီယို ရိုက်ကူးစဉ် သူမ အိမ်ထောင်ဖက်နှင့် တွေ့ဆုံ ခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလက သားငယ်မီလန်ကို မွေးဖွား ခဲ့သည့် သားတစ်ယောက် မိခင်တစ်ဦးလည်း ဖြစ်သည်။  
ထို့အပြင် ၂ဝ၁ဝ ပြည့်နှစ်က ထွက်ရှိခဲ့သည့် Sale El Sole တေးအယ်လ်ဘမ် ထုတ်ဝေ ပြီးနောက် သူမအနေဖြင့်  အပျော်ရွှင်ဆုံး ဘဝ အပိုင်း အခြားထဲသို့  ဝင်ရောက် လာခဲ့ ကြောင်းနှင့် ၎င်းတေးအယ်လ်ဘမ်နှင့် နှိုင်းယှဉ်လျှင် ယခုထွက်ရှိသည့်တေး အယ်လ်ဘမ်သည် ပိုမိုပြီး ပြည့်စုံမှု ရှိသည်ဟု ခံစား ရကြောင်း သူမက ပြောကြား ခဲ့သည်။

No comments:

Post a Comment

back to top