Monday, May 5, 2014

တစ်ကိုယ်တော်ဖျော်ဖြေပွဲမှရရှိတဲ့ အကျိုးအမြတ် အားလုံးကို လှူဒါန်းသွာမယ့် IU


တောင်ကိုရီးယား သရုပ် ဆောင်အဆိုတော် IU သည် များ မကြာမီပြုလုပ်မည့် ၎င်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲများမှ အကျိုးအမြတ်အားလုံးကို ကူးတို့ သင်္ဘောဘေးဒဏ်သင့် ပြည်သူ များအတွက် လှူဒါန်းသွားမည် ဟု IU ၏ အေဂျင်စီက မေလ ၂ ရက်တွင် ပြောကြားသည်။

‘‘IU က သူ့ရဲ့ တစ်ကိုယ် တော် ဖျော်ဖြေပွဲတွေကနေ ရလာ တဲ့ ငွေတွေအားလုံးကို လှူဒါန်း ချင်တယ်ဆိုပြီး ပြောပါတယ်။ အားလုံးဆွေးနွေးပြီးတဲ့နောက်မှာ အလှူကိစ္စအသေးစိတ်ကို ပြန် လည် ပြောကြားပေးမှာပါ’’ ဟု IU ၏ အေဂျင်စီက ပြောကြားသည်။
အသက် (၂၀) အရွယ် ကေ ဒရာမာစတား IU သည် ဆိုဂန်း တက္ကသိုလ်တွင် Just One Step ..Just As Much As That အမည် ရ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ပြုလုပ်သွားမည်ဖြစ်သည်။ မေလ ၂၂ မှ ၂၅ ရက်အထိ နှင့် မေလ ၂၉ မှ ဇွန်လ ၁ ရက် အထိ ပြု လုပ်မည့် IU ၏ ဖျော်ဖြေပွဲလက် မှတ်များကို မေလ ၇ ရက်တွင် ရောင်းချမည်ဖြစ်သည်။

ကေပေါ့ပ်စတား IU သည် ယခုလအတွင်းတွင် ဂန္ထ၀င်သီ ချင်းများပါဝင်သော အယ်လ်ဘမ် တစ်ခုထွက်ရှိရန် စီစဉ်လျက်ရှိ သည်။

No comments:

Post a Comment

back to top