Monday, May 12, 2014

(၂၁) ကြိမ်မြောက် ပေကျင်း ကောလိပ် ကျောင်းသားများ၏ ရုပ်ရှင်ပွဲတော် ပိတ်ပွဲ အခမ်းအနား ကျင်းပ


ပေကျင်းကောလိပ် ကျောင်းသားများ၏ (၂၁) ကြိမ်မြောက် ရုပ်ရှင်ပွဲတော် ပိတ်ပွဲ အခမ်းအနားကိုမေ ၁၁ ရက်က ပေကျင်းမြို့၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်ပွဲတော်ကို ပေကျင်းမြို့ရှိ Normal တက္ကသိုလ်၌ ဧပြီ ၈ရက်က ပြင်သစ်နိုင်ငံမှ နာမည်ကြီး ဒါရိုက်တာ Philippe Muyl ရိုက်ကူးသော The Nightingale ဇာတ်ကားဖြင့် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
The Nightingale ဇာတ်ကားသည် တရုတ်နှင့် ပြင်သစ် ပူးပေါင်း ထုတ်လုပ်သည့် ရုပ်ရှင်ဇာတ်ကား ဖြစ်ပြီး အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု အပါအဝင် ရုပ်ရှင် ထူးချွန်ဆုများစွာ အတွက် ပြည်တွင်း ဇာတ်ကားများ ဖြစ်သော Black Coal, Thin Ice နှင့် No Man's Land ဇာတ်ကားတို့နှင့် ယှဉ်ပြိုင် ခဲ့သည်။
ပေကျင်းကောလိပ် ကျောင်းသားများ၏ ရုပ်ရှင်ပွဲတော်ကို ပေကျင်းNormal တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက ၁၉၉၃ ခုနှစ်တွင် စတင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

back to top