မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ၀တ္တုတိုပြိုင်ပွဲ စာမူများ ဖိတ်ခေါ်ခြင်း
၂၀၁၄
ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ
အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ၀တ္တုတိုပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။
ဝတ္တုတိုပြိုင်ပွဲတွင်
မြန်မာအမျိုးသမီးများ၏ ချစ်စဖွယ် ယဉ်ကျေးမှု ဓလေ့စရိုက်များ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းမြှင့်တင်ခြင်းများ၊
နိုင်ငံနှင့် လူမျိုးအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်မှုများ၊ တာဝန်ကျေ ပွန်မှု၊
ယဉ်ကျေးသိမ်မွေ့မှု၊ အရည်အသွေးပြည့်ဝမှု စသော ဂုဏ်သိက္ခာ အရည်အချင်းတို့ကို ဖော်ညွှန်း
ရေးသား၍ နှစ်သက်ရာ ခေါင်းစဉ်ဖြင့် ရေးသားယှဉ်ပြိုင်နိုင်ပါသည်။ စာမူကို A4 စာမျက်နှာဖြင့် ကွန်ပျူတာ လေးမျက်နှာ
သို့မဟုတ် လက်နှိပ်စက် ငါးမျက်နှာ သို့မဟုတ် လက်ရေးဖြင့် ခြောက်မျက်နှာထက် မပိုဘဲ ရေးဖွဲ့နိုင်သည်။
ပြိုင်ပွဲဝင်သူတစ်ဦးလျှင်
ဝတ္တုတိုတစ်ပုဒ်သာ ပါဝင်ယှဉ်ပြိုင်ရမည်။ စာမူများကို ကွန်ပျူတာဖြင့် ဖြစ်စေ၊ လက်နှိပ်စက်ဖြင့်ဖြစ်စေ၊
ရှင်းလင်းပီသသော လက်ရေးဖြင့် ဖြစ်စေ တစ်မျက်နှာတည်းတွင် သပ်ရပ်စွာ ရေးသား၍ မူရင်းနှင့်
မိတ္တူတစ်စောင် တင်သွင်းရမည်။ ပြိုင်ပွဲဝင်သူသည် ပတ်စ်ပို့ဓာတ်ပုံနှစ်ပုံ၊ အမည်ရင်း၊
ကလောင်အမည်၊ မိဘအမည်၊ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ နေရပ်
လိပ်စာ၊ ကိုယ်ရေးအတ္တုပ္ပတ္တိ အကျဉ်းချုပ်ဖော်ပြပြီး မိမိကိုယ်တိုင်ရေးသားထားကြောင်းနှင့်
ပုံနှိပ်ဖော်ပြခဲ့ ဖူးခြင်းမရှိကြောင်း ၀န်ခံချက်များပါရှိရပါမည်။ ၀တ္တုတိုပြိုင်ပွဲတွင်
ပထမ၊ ဒုတိယ၊ တတိယ ဆုသုံးဆုနှင့် အထူးဆုများ ရွေးချယ်သွားမည်ဖြစ်ပြီး ဆုများကို ၂၀၁၄
ခုနှစ် ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာ အမျိုးသမီးများနေ့တွင် ထိုက်တန်စွာ
ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင်
ဝတ္တုတိုများကို ပြိုင်ပွဲကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဦးအေးကြွယ် ညွှန်ကြားရေးမှူး
(ထုတ်လုပ်) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အမှတ် ၂၂၈ သိမ်ဖြူလမ်း ဗိုလ်တထောင်
မြို့နယ် ရန်ကုန်မြို့ ဖုန်း-၂၀၁၉၃၆၊ ၃၇၁၃၄၂ သို့ ၂၀၁၄ ခုနှစ် ဇွန်လ ၁၅ ရက်နေပ ညနေ
၎ နာရီ နောက်ဆုံး ထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment