2NE1
လူငယ် အမျိုးသမီး အဆိုအဖွဲ့ သည် ဘေလ်ဘုတ်တွင် သီတင်းပတ် အလိုက် စာဖတ်သူများ မဲပေးရွေးချယ်သည့်
အမျိုးသမီး အဖွဲ့လိုက် ဆုရရှိသူများ စာရင်းတွင် နံပါတ် တစ်နေရာ နှစ်နေရာ ကို ရယူထားနိုင်
ခဲ့သည်။ မဲပေး ရွေးချယ်မှုများအရ 2NE1 အဖွဲ့၏ ”Crash” တေးအယ်ဘမ်သည် မဲ အရေအတွက် စုစုပေါင်း၏
၂၂ ရာခိုင်နှုန်း ဖြင့် ပရိတ်သတ် ကြိုက်နှစ်သက်မှု အရှိဆုံး အမျိုး သမီး တေးအယ်လ်ဘမ်ဆုကို
ရရှိခဲ့သည်။
၎င်းတို့ အဖွဲ့သည် ယင်းဆု ကို Little Miv’s အဖွဲ့၏ “DNA” တေးအယ်လ်ဘမ်နှင့် “Spice Girls”
၏ “Spice” တေးအယ်လ်ဘမ် တို့ကို ကျော်ကာ ဆွတ်ခူး ရယူနိုင် ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင်
2NE1 အဖွဲ့ သည် Spice Girls Destiny’s Child အဖွဲ့တို့ထက် ပရိတ်သတ် အာရုံကို ပိုမို
ဆွဲဆောင်နိုင်ခဲ့ပြီး မဲ အရေအတွက် စုစုပေါင်း ၃၁ ရာခိုင်းနှုန်းဖြင့် ဖက်ရှင် အကျဆုံး
အမျိုးသမီး အဆို အဖွဲ့ဆု ကိုလည်း ရရှိ ခဲ့သည်။
2NE1 အဖွဲ့၏ Crush တေးအယ်လ်ဘမ် သည် ဘေလ်ဘုတ် တွင် အဆင့်အမြင့်ဆုံး k-pop တေးအယ်လ်ဘမ်
အဖြစ် စံချိန်သစ် တင်နိုင် ခဲ့ပြီး ရောင်းအား အကောင်းဆုံး တေးအယ်လ်ဘမ် များ စာရင်းတွင်
နံပါတ် ၆၁ နေရာ ကို ရယူ ထားနိုင်ကြောင်း တရားဝင် သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြ ထားသည်။
No comments:
Post a Comment