Monday, May 5, 2014

တူရကီတိုး အဆင့်(၆)မှာ အဒမ်ယိတ် အနိုင်ရတဲ့ သတင်း








အကြိမ်(၅၀)မြောက် တူရကီတိုး စက်ဘီးစီးပြိုင်ပွဲ အဆင့်(၆)မှာ ဗြိတန်နိုင်ငံသား အဒမ်ယိတ်က အနိုင်ရသွားပါတယ်။ ဒီအဆင့်က တူရကီနိုင်ငံ ဘိုဒရမ်မြို့ကနေ ဆယ်ကပ်မြို့အထိ (၁၈၃)ကီလိုမီတာ ခရီးကိုပြိုင်ရတာဖြစ်ပြီး အသက်(၂၁)နှစ်သာ ရှိသေးတဲ့ အဒမ်ယိတ်က (၄)နာရီ(၁၁)မိနစ်(၄၆)စက္ကန့်နဲ့ ပထမ ရသွားပါတယ်။ အီတလီနိုင်ငံသား ဒေးဗစ်ဖော်မိုလိုက (၂)စက္ကန့်အကွာနဲ့ ဒုတိယရပြီး အီတလီ နိုင်ငံသားပဲဖြစ်တဲ့ ဒေးဗစ်ရီဘယ်လင်ကလည်း (၂)စက္ကန့်အကွာနဲ့ပဲ တတိယရပါတယ်။ အဆင့်(၆)ဆင့် ပေါင်းမှာလည်း အဒမ်ယိတ်က (၂၄)နာရီ (၄၆)မိနစ်(၅၇)စက္ကန့်နဲ့ ဦးဆောင်နေပြီး အက်စတိုးနီးယားနိုင်ငံသား တာရာမေးက (၁)စက္ကန့်အကွာနဲ့ ဒုတိယနေရာက လိုက်နေပါတယ်။ ဒီပြိုင်ပွဲက အဆင့်(၈)ဆင့် ပြိုင်ရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top