အမေရိကန်က နာမည်ကျော် အင်တာနက် ရေဒီယိုတစ်ခုဖြစ်တဲ့
iHeartRadio ရဲ့ iHeartRadio Music Awards ဆုပေးပွဲမှာ နာမည်ကြီးအဆိုတော် ရီဟားနားဟာ
ဆုတွေ တသီကြီး ဆွတ်ခူးခဲ့ပါတယ်။
ရီဟားနားဟာ တစ်နှစ်တာ အကောင်းဆုံး အနုပညာရှင်၊ တစ်နှစ်တာ အကောင်းဆုံး သီချင်း (Stay သီချင်း)၊
တစ်နှစ်တာ အကောင်းဆုံး R&B သီချင်း (Pour it up)၊ ပရိသတ် အခိုင်အမာ အရရှိဆုံးအဆိုတော်
စတဲ့ ဆု ၄ ဆု ရသွားပါတယ်။ တခြားဆုရအဆိုတော်တွေထဲမှာ ဖာရဲလ် ၀ီလီယံစ်၊ အဗီချီ၊ ပစ်ဘူးလ်၊
လော့ဒ်၊ မိုင်လီ ဆိုင်းရပ်စ် တို့လည်း ပါဝင်ပါတယ်။
No comments:
Post a Comment