Friday, May 2, 2014



အမြောက်ပစ်ခတ် လေ့ကျင့်မှု တွေပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားနိုင်ငံ

မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ရေနယ်နိမိတ်ချင်း ထိစပ်နေတဲ့ အနောက် ဘက်ပိုင်းရေပိုင်နက်ထဲကို လက်နက်ကြီးတွေနဲ့အကြိမ်ငါးဆယ် ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ မြောက် ကိုရီးယားနိုင်ငံဟာ အင်္ဂါနေ့ညနေပိုင်းက ပစ်ခတ် လေ့ကျင့်ခဲ့တာ ဖြစ်တယ်လို့ တောင် ကိုရီးယား စစ်တပ် တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။


မြောက်ကိုရီးယားနိုင်ငံဟာ မြောက်ပိုင်း ကန့်သတ်ဒေသအနီးမှာရှိတဲ့ နေရာနှစ်ခုမှာ ဒီလိုစစ် ရေးလေ့ကျင့် မှုတွေ လုပ်မယ်လို့ မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံကို အင်္ဂါနေ့ နံနက် ပိုင်းက သတိပေးခဲ့ပါတယ်။ အမြောက်ဆံတွေဟာ တောင်ကိုရီးယား နယ်နိမိတ်ထဲကို ကျမယ်ဆိုရင် တော့ တောင်ကိုရီးယားနိုင်ငံက တင်းတင်းကျပ်ကျပ် တုံ့ပြန် ဆောင်ရွက်သွား မယ်လို့ တောင်ကိုရီးယား နိုင်ငံက ပြန်လည် သတိပေးခဲ့ပြီး အဲ့ဒီ နေရာတွေကို မကပ်ဖို့ကိုလည်း သင်္ဘောတွေကို သတိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ စစ်ရေးလေ့ကျင့်မှုတွေကို ဒေသစံတော်ချိန် နေ့လည်နှစ်နာရီမှာ စတင်ခဲ့ တာဖြစ်ပြီး မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာ ၁၀ မိနစ်အတွင်း မြောက်ကိုရီးယားနိုင်ငံ ရေပြင်ထဲကို အကြိမ်ပေါင်း ၅၀ ကျော် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယားတာဝန်ရှိသူ တွေက ထုတ်ပြန်ခဲ့ပါ တယ်။ မတ်လ နှောင်းပိုင်းတုန်းကလည်း မြောက်ကိုရီးယားနိုင်ငံဟာ အလားတူ စစ်ရေး လေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက တောင်ကိုရီးယားရေပြင်ထဲကို အကြိမ်ပေါင်း ၁၀၀ ကျော် အမြောက်တွေနဲ့ ပစ်ခတ်လေ့ကျင့်ခဲ့ဖူးပြီး အနီးအနားကျွန်းတွေ မှာ နေထိုင်ကြ တဲ့ ဒေသခံတွေကို ဘေးကင်းရာနေရာတွေကို သွားရောက်နေထိုင်ဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။

အခုတစ်ကြိမ်မှာတော့ အမြောက်ဆံတွေဟာ တောင်ကိုရီးယား ရေပိုင်နက်ထဲကို ကျရောက်ခဲ့ခြင်းမရှိပဲ ကျွန်းသူ၊ ကျွန်းသားတွေကို ထုတ်ပြန်ထားတဲ့ ဘေးကင်းလုံခြုံရာကို သွားရောက်နေထိုင်ဖို့ သတိပေး ကြေညာချက်ကို အခုတစ်ကြိမ်မှာတော့ ပြန်လည်ရုတ်သိမ်း ထားတယ်လို့ သိရပါတယ်။ တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားစမ်း သပ်မှုအတွက် ပြင်ဆင်နေတယ်လို့ ယူဆရတဲ့ လုပ်ဆောင်မှုတွေလည်း မကြာသေးမီက ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံ ဟာ နျူကလီးယား စမ်းသပ် ပစ်လွှတ်ဖို့အတွက် ချီတုံချတုံဖြစ်နေမှာ မဟုတ်ဘူးလို့ တနင်္လာနေ့က မြောက် ကိုရီးယား အမျိုးသား ကာကွယ်ရေး ကော်မရှင်က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး မြောက် ကိုရီးယားနိုင်ငံဟာ နျူကလီးယားစမ်း သပ်ပစ်လွှတ်ဖို့အတွက် ပြင်ဆင်မှုတွေပြီးသွားပြီလို့ တောင်ကို ရီးယားနိုင်ငံက ထုတ်ပြန်ခဲ့ပါတယ်။ 

No comments:

Post a Comment

back to top