Friday, May 2, 2014

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆက်လက် ဖော်ဆောင်ပေးသွားမည် ဟု ပြည်ထောင်စုလွှတ်တော် နာကယ သူရဦးရွှေမန်း ကတိပြုပြောကြား

“ရခိုင်အမျိုးသားညီလာခံက ပေါ်ထွက်လာတဲ့ ဆွေးနွေးဆုံးဖြတ်ချက်တွေဟာ ရခိုင်ပြည်နယ် အတွက် ပြည့်ပြည့်စုံစုံ ရှိပါတယ်။ တချို့ပြည်နယ်တွေလဲ သူတို့ရဲ့ ထူးခြားချက်တွေကို ဒီလို ဖော်ထုတ် သုံးသပ်ဦးမှာပါ။ သူတို့မှာ ဒီလို အခွင့်အရေးလဲ ရှိပါတယ်။ လူတိုင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် က ကိုယ်စီမှာ ရှိသလို ဒါကိုလည်း လက်ခံရမှာဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံ ဟာ တိုင်းရင်းသားလူမျိုး ၁၀၀ ကျော်ရှိတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်လို့ တိုင်းရင်း သားတွေဟာ သူ့နည်းသူ့ဟန်နဲ့ ရုန်းကန်လှုပ်ရှားနေရတာ ရှိတယ်။ ရခိုင် တိုင်းရင်းသားများရဲ့ ထူးခြားချက်ကတော့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ထိန်းသိမ်းဆောင်ရွက်ချင်တဲ့နေရာမှာ ရခိုင်ပြည်နယ် ဟာ မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံခါးဝပါ။ အင်မတန်ခက်ခဲတဲ့ ရုန်းကန်ရ မှုပါ။ အမျိုးဘာသာ သာသနာ ယဉ်ကျေးမှု၊ စာပေ မပျောက်ပျက် ဆက်လက် တည်တံ့အောင် အင်မတန်မှ ခက်ခက်ခဲခဲ ဆောင်ရွက်နေရတာဖြစ်တယ်။ ဒါကို ပြည်ထောင်စုတိုင်းရင်းသားများ အနေနဲ့ အားပေးရမယ်။ ကူညီရမယ်။ ကျွန်တော်လည်း ပြည်ထောင်စုနိုင်ငံအတွင်းက နိုင်ငံသား တစ်ယောက်၊ တိုင်းရင်းသားတစ်ယောက် အနေနဲ့ ရခိုင်တိုင်းရင်းသားများရဲ့ တွေ့ကြုံခံစားနေ ရမှုကို သိအောင် လေ့လာခွင့်ရပြီးတော့ ရခိုင်တိုင်းရင်းသားများရဲ့ ကြိုးစား အားထုတ်မှု၊ ပြည်ထောင်စုကို ချစ်ခင်မှု အမြော်အမြင်များကို ကျွန်တော် လည်း တောက်လျှောက်အားပေးပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုး တိုးတက်မှုနဲ့အတူ လွှတ်တော်မှာ တာဝန်အရှိဆုံး ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ကတိပေး ပြောကြားလိုပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပခဲ့သော ရခိုင်အမျိုးသားညီလာခံ တွင် ပြောကြားသည်။



No comments:

Post a Comment

back to top