ယူကရိန်းအရှေ့ပိုင်း ကိုယ်ပိုင်အုပ်ချုပ်မှု မဲခွဲရလဒ်များကို လေးစားဟု ရုရှားအစိုးရပြော
ယူကရိန်းနိုင်ငံ အရှေ့
ပိုင်း ဒေသနှစ်ခုမှ ကိုယ်ပိုင် အုပ်ချုပ်ရေးအတွက် လူထု သဘောထားခံယူပွဲများ၏ ရလဒ်
ကို လေးစားကြောင်း ရုရှားနိုင်ငံ က ပြောကြားလိုက်ပြီး ယင်းရလဒ် များကို
ငြိမ်းချမ်းစွာအကောင်အ ထည်ဖော်သင့်သည်ဟု ပြော သည်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်း
ဒိုနက်စ်နှင့် လူဟန့်စ်ဒေသများ တွင် တနင်္ဂနွေနေ့က ကျင်းပသော လူထု ဆန္ဒခံယူပွဲများ၌
အပြတ် အသတ် အနိုင်ရကြောင်း ရုရှား လိုလားသော သူပုန်များက ကြေ ညာခဲ့သည်။ ယူကရိန်း အာဏာပိုင်များ က
ယင်းလူထုဆန္ဒခံယူပွဲများကို ပယ်ချထားသည်။
အီးယူကလည်း လူထုဆန္ဒ
ခံယူပွဲများကို ဝေဖန်ထားသည်။
‘‘မော်စကိုမှာတော့
ဒိုနက်စ် နဲ့ လူဟန့်စ်ဒေသက ပြည်သူတွေ ရဲ့ ဆန္ဒကို ကျွန်တော်တို့ လေးစား ပါတယ်။ အဲဒီ
ဆန္ဒခံယူပွဲရလဒ် တွေကိုလည်း ဂုဏ်သိက္ခာရှိရှိ၊ အကြမ်းဖက်သွေးထွက်သံယိုမှု တွေ
ထပ်မဖြစ်စေ ဘဲနဲ့ ဆွေးနွေး တိုင်ပင်မှုတွေကတစ်ဆင့် လက် တွေ့အကောင်အထည်ဖော်မယ် လို့
မျှော်လင့်နေ ပါတယ်’’ဟု ကရင်မလင်က ထုတ်ပြန်ချက် တစ်ရပ်တွင် ပြောကြားသည်။
ထို့အပြင် အရပ်သားများအ
ပေါ် လက်နက်ကြီးများ အသုံးပြု ခြင်း အပါအဝင် အင်အားသုံးခြင်း ကို
ရှုတ်ချ လိုက်သည်ဟုလည်း ကရင်မလင်၏ ကြေညာချက်တွင်
ပါရှိသည်။
No comments:
Post a Comment