Wednesday, May 14, 2014


ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့တစ်ဖွဲ့၏ အကြီးအကဲ အဖြစ် နော်ဝေး အမျိုးသမီးဗိုလ်ချုပ် ခန့်အပ်ခံရ
ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ် ဘန်ကီ မွန်းသည် ကုလသမဂ္ဂ ငြိမ်းချမ်း ရေးတပ်ဖွဲ့တစ်ဖွဲ့၏ အကြီးအကဲ အဖြစ် အမျိုးသမီးဗိုလ်ချုပ်တစ်ဦး အား မေလ ၁၂ ရက်တွင် ပထမဆုံး အကြိမ် ခန့်အပ် လိုက်သည်။

ဘန်ကီမွန်းသည် ဆိုက်ပ ရက်စ် ကျွန်းနိုင်ငံရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ကို ကြီးကြပ် ကွပ်ကဲရန် နော်ဝေး အမျိုးသမီး ဗိုလ်ချုပ် ခရစ္စတင်းလွန်းအား ခန့် အပ်လိုက်ကြောင်းနှင့် နော်ဝေး ဗိုလ်ချုပ် ခရစ္စတင်းလွန်းသည် သြဂုတ်လ ၁၃ ရက်တွင် တရုတ် ဗိုလ်ချုပ် ကျောင်းလူနေရာတွင် အစားထိုး မည်ဖြစ်ကြောင်း ကုလ သမဂ္ဂအဖွဲ့ ပြောရေးဆိုခွင့်ရ စတီ ဗင်ဂျူဒါးရစ်က ပြောကြားသည်။
အသက် (၅၆) နှစ်အရွယ်ရှိ ဗိုလ်ချုပ် ခရစ္စတင်းလွန်းသည် နော်ဝေးနိုင်ငံနှင့် ကုလသမဂ္ဂတပ် ဖွဲ့တွင် စစ်တပ်အုပ်ချုပ်ရေးနှင့် ၀န်ထမ်းဆိုင်ရာ အတွေ့အကြုံ (၃၄) နှစ်ရှိသူဖြစ်သည်။ ၎င်းသည် နော်ဝေးနိုင်ငံ၏ ပထမဆုံးအမျိုး သမီး ဗိုလ်ချုပ်လည်းဖြစ်သည်။ ၎င်းသည် လက်ဘနွန်နိုင်ငံရှိ ကု လသမဂ္ဂယာယီတပ်ဖွဲ့ (UNIFTL) နှင့် ကုလသမဂ္ဂကာကွယ်ရေး တပ်ဖွဲ့ (UNPROFOR) တို့တွင် လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဆိုက်ပရက်စ်နိုင်ငံအတွက် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ (UNFICYP) ကို ဂရိဆိုက်ပရက်စ် နှင့် တူရကီ ဆိုက်ပရက်စ်လူမျိုး များအကြား တိုက်ပွဲများကို တား ဆီးနိုင်ရန် ၁၉၆၄ ခုနှစ်တွင် စတင် တည်ထောင် ခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ ၀င် ၁၀၀၀ ခန့်သည် ဆိုက်ပရက်စ် ဒေသ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်လျက်ရှိသည်။
ဗိုလ်ချုပ်လွန်းသည် ကုလ သမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့တစ်ဖွဲ့ ၏ အကြီးအကဲအဖြစ် တာဝန်ယူ ရသည်ကို ဂုဏ်ယူကြောင်းနှင့် ကု လသမဂ္ဂတပ်ဖွဲ့တွင် အမျိုးသမီး များလည်း အကြီးအကဲဖြစ်နိုင် သည်ကို ကျန်အမျိုးသမီးများ တွေ့မြင်ရမည်ဖြစ်ကြောင်း အေ ပီသတင်းအား ပြောကြားသည်။

No comments:

Post a Comment

back to top