တိုင်းရင်းသား
ဒုတိယ ဇာတ်ကားရိုက်ကူးမယ့် အကယ်ဒမီ အောင်ကိုလတ်
တိုင်းရင်းသားအကြောင်းနှင့် ပတ်သက်ပြီး ဒုတိယဇာတ်ကားကို ရိုက်ကူး ရန်ရှိကြောင်း အကယ်ဒမီ ဒါရိုက်တာ အောင်ကိုလတ်က ပြောသည်။
”ကျွန်တော် အခု လောလောဆယ်မှာ တိုင်းရင်းသားတွေ အကြောင်းနဲ့ ပတ်သက်ပြီး နောက်ကြောင်းပြန် စာကျက် နေပါတယ်”ဟု ဒါရိုက်တာ အောင်ကို လတ်က ပြောသည်။
”ကျွန်တော် အခု လောလောဆယ်မှာ တိုင်းရင်းသားတွေ အကြောင်းနဲ့ ပတ်သက်ပြီး နောက်ကြောင်းပြန် စာကျက် နေပါတယ်”ဟု ဒါရိုက်တာ အောင်ကို လတ်က ပြောသည်။
”ကယန်းအလှ ကတော့ ငွေရေး ကြေးရေးအရ ရှုံးတယ်။ ဒုတိယကား ကတော့ ဘယ်လို လာမလဲမသိဘူး။ ဆက်များ ရှုံးနိုင်မလား မသိဘူး”ဟု ၄င်း ကပြောသည်။ ပထမက ကယား တိုင်းရင်းသား တွေရဲ့ အကြောင်းကို ရိုက်ကူး ထားပြီး ဒုတိယကားမှာ
ဘယ်တိုင်းရင်းသား ဖြစ်မလဲ ဆိုတာ ရွေးချယ်နေကြောင်း ၄င်း က ဆက်ပြော သည်။
ဒါရိုက်တာ အောင်ကိုလတ်က တိုင်းရင်းသား နဲ့ပတ်သက်တဲ့ ဒုတိယဇာတ်ကားကို
၂ဝ၁၄-၂ဝ၁၅ ထဲမှာ စတင်ရိုက်ကူးနိုင်ရန် ကြိုးစားနေသည်ဟု သိရသည်။
”ရိုက်မယ်ဆိုရင် တိုင်းရင်းသား ဇာတ်ကားတွေက ငွေရေးကြေးရေး အခြေခံ လိုတယ်။
သူတို့ဘက်ကလည်း ကြည်ဖြူဖို့ လိုတယ်။ နှစ်ဦးနှစ်ဖက် နားလည်မှု ရှိရမယ်” ဟု
အောင်ကိုလတ် က ပြောသည်။ ဒါရိုက်တာ အောင်ကိုလတ်သည် ကယန်းအလှ ဇာတ်ကားဖြင့်
အကောင်းဆုံးဓာတ်ပုံဆု အကယ်ဒမီ ရရှိခဲ့ပြီး အောင်မြင်ခဲ့သည့်
ဇာတ်ကားဖြစ်သည်။
No comments:
Post a Comment