Jump Suit (တဆက်တည်းအင်္ကျီ) တွေကို ဘယ်လိုဝတ်မလဲ

အားလပ်ရက်အတွက် Jump Suit (တဆက်တည်းအင်္ကျီ) တွေကို ပျိုမေတွေ စိတ်ကြိုက်ဖြစ်မယ့် ဖက်ရှင်ပါပဲ။ ပြီးပြည့်စုံတဲ့ Outfit အတွက်ကတော့ လယ်သာဂျက်ကတ်အနက်၊ ဒေါက်ဖိနပ်အမြင့် အနက်နဲ့ သားရေအိတ်အနက်ပဲဖြစ်ပါတယ်။
jumpsuit ကို ဂျက်ကတ်နဲ့ အရောင်လိုက်ဖို့ သတိထားပါ။ ဖိနပ်ကို ကျောပိုးအိတ်နဲ့ အရောင်တူဖို့ လိုပါတယ်။ ဒါဟာ jumpsuit ရဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။ ဒေါက်ဖိနပ် မကြိုက်ဘူးဆိုရင်တော့ ဘွတ်ဖိနပ်တွေ၊ ခြေကျင်းဝတ်လောက်ရှည်တဲ့ ဖိနပ်တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။
No comments:
Post a Comment