Monday, May 12, 2014

ခရိုင်မီးယားဒေသကို သွားရောက်ခဲ့သည့် ရုရှားသမ္မတ


ရုရှားသမ္မတ " ဗလာဒီမာပူတင် " ဟာ ယူကရိန်းနိုင်ငံ လက်အောက်က ခရိုင်းမီးယားဒေသကို ကျူးကျော်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် ခရိုင်မီးယားဒေသကိုအလည်အပတ် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။  ရုရှားသမ္မတ " ဗလာဒီမာပူတင် " ဟာ ခရိုင်းမီးယားဒေသကို ပထမဦးဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
သမ္မတ " ပူတင် " ဟာ ခရိုင်းမီးယားကျွန်းဆွယ်မှာရှိတဲ့ ဆာဗက် စတိုပိုမှာ ကျင်းပနေတဲ့ နာဇီဂျာမနီ လက်အောက်ကနေ ဘာလင်ကို ပြန်သိမ်းနိုင်တဲ့ အောင်နိုင်မှု အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ အောင်နိုင် မှုနေ့အခမ်းအနားကို တက်ရောက်ခဲ့တာလည်းဖြစ်ပါ တယ်။ ပူတင်ဟာ ကာကွယ်ရေးဝန်ကြီး " ဆာဂေးရှောင်ဂူ " နဲ့အတူ  " ဆာဗက်စတိုပို " မှာ အခြေစိုက် ပင်လယ်နက်အတွင်းက ရုရှားတပ်ဖွဲ့ရဲ့ စစ်ရေးပြမှုကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ခရိုင်းမီးယားဒေသဟာ ရုရှားဇာဘုရင်တွေ လက်ထက် ကတည်းက ရုရှားနိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ပြီး ရုရှားနဲ့ ခရိုင်မီးယားဒေသဟာ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးရှိလာမှာ ဖြစ်တယ်လို့ ခရိုင် မီးယားဒေသခံတွေနဲ့ စစ်မှုထမ်းဟောင်းတွေ ကို ပြောကြာခဲ့ပါတယ်။

ပူတင်စစ်ရေးပြပွဲ တက်ရောက် ခဲ့တဲ့အကြောင်းကို ရုရှားနိုင်ငံပိုင် ရုပ်သံဌာနက တိုက်ရိုက်ထုတ် လွှင့်ခဲ့ပါတယ်။ ခရိုင်းမီးယားမှာ ကျင်းပတဲ့ စစ်ရေးပြပွဲကို ပူတင်တက်ရောက်ခဲ့တာခြင်းဟာ ခရိုင်မီးယားက ရုရှားနိုင်ငံရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်သွားပြီဆိုတာကို ပြသနေပြီး ဒါဟာ အနောက်နိုင်ငံတွေနဲ့ ရုရှားနိုင် ငံကြားမှာ သဘောထားကွဲလွဲမှု ပိုဖြစ်စေမယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ခန့်မှန်းထားပါသည်။

No comments:

Post a Comment

back to top