ဇူလိုင်လတွင် ကျင်းပသွားမည့် Miss Universe Myanmar(2014) ပြိုင်ပွဲ
Hello
Madam Media Group မှ ဦးစီးပြီး ကျင်းပသွားမယ့် Miss Universe Myanmar(2014) ပြိုင်ပွဲကို
လာမယ့်ဇူလိုင်လမှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။ အဆိုပါ Miss Universe ပြိုင်ပွဲကို
ပြီးခဲ့ သည့် (၂၀၁၃)ခုနှစ်က ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အခုအကြိမ်ဟာ ဒုတိယအကြိမ်
သွားရောက် ယှဉ်ပြိုင် စေခြင်းဖြစ်ကြောင်းသိရသည်။ အခုလို သွားရောက်ယှဉ်ပြိုင်ဖို့ အတွက်
လျှောက် လွှာတွေကို စတင်ခေါ်ယူ နပြီဖြစ်ပြီး မေ (၂၀)ရက်နေ့ နောက်ဆုံးထား ကာ လျှောက်တင်ရမှာ
ဖြစ်သည်။
လူတွေ့စစ်ဆေးမှုကိုတော့
ဇွန်လအတွင်းမှာ စစ်ဆေးသွားမှာဖြစ်ပြီး ပြင်ဆင်မှုတွေကိုလည်း မနှစ်က ပြိုင်ပွဲထက် ပိုမိုထူးခြားစွာ
ယှဉ်ပြိုင်စေမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် လိုသူများ
အနေနဲ့ ၀င်ခွင့်လျှောက်လွှာတွေကို Miss Universe Mynmar ရုံးချုပ် မြန်မာ့ဂုဏ်ရည်အိမ်ရာမှာ
အခမဲ့သွားရောက်ထုတ်ယူနိုင်သလို Miss Universe Mynmar Facebook.com မှာလည်း လျှောက် လွှာတွေကို
Download ဆွဲကာ လျှောက်ထားနိုင်ကြောင်းသိရသည်။ ပြိုင်ပွဲဝင်များသည် အသက်(၁၈)နှစ်မှ
(၂၆)နှစ်အတွင်းရှိသူများ ၀င်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရှိရသည်။
No comments:
Post a Comment