နက္ခတ်သိပ္ပံ အကြံပြုလမ်းညွှန် - May 2, 2014
တနင်္ဂနွေနှင့် ဗုဒ္ဓဟူးဂြိုဟ်များ မိဿရာသီ၊ သောကြာဂြိုဟ် ကုမ်ရာသီ၌ ရပ်တည်နေပြီး အင်္ဂါဂြိုဟ် ကန်ရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ တနင်္လာဂြိုဟ် ပြိဿရာသီ၌ ရပ်တည်နေပြီး ကြာသပတေးဂြိုဟ် မေထုန်ရာသီ၌ ရပ်တည်နေမည်။ စနေဂြိုဟ် တူရာသီတွင် ဖေါက်ပြန် တည်ရှိနေပါမည်။ ရာဟုနှင့်ကိတ်ဂြိုဟ်များ တူရာသီနှင့် မိဿရာသီ၌ တည်ရှိနေမည်။ ယူရေးနပ်စ်ဂြိုဟ် မိန်ရာသီ၊ နက်ပ်ကျွန်း ကုမ်ရာသီနှင့် ပလူတိုဂြိုဟ် ဓနုရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ တနင်္လာမှအင်္ဂါသို့ ၁၂၀ံအမြင် ရှိထားသည်။ နေ့လည် ၁၂နာရီ ၁၀မိနစ်အတွင်း ရောဟဏီ နက္ခတ်စန်းယှဉ်ပြီး မိဿ၊ ကရကဋ်၊ သိဟ်၊ ဓနု၊ မကာရနှင့်ကုမ် ရာသီဖွားများ ကံဇာတာ မြင့်မားချိန်ဖြစ်သည်။ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး၊ သောကြာသားသမီးများ အရေးကြီးကိစ္စ ဆောင်ရွက်နိုင်သည်။ ပညာရေး၊ ဓါတ်သထ္ထုတူးဖော်မှု၊ စွန့်စားယှဉ်ပြိုင်မှု၊ ရေထွက်ကုန်ပစ္စည်း များဖြန့်ဖြူး မိတ်ဆက်ခြင်း၊ ပုလဲရှာဖွေမှုနှင့် ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းများ စတင်ခြင်း၊ ဘာသာရေးနှင့် တည်တံ့ခိုင်မြဲလိုသော လုပ်ငန်းကိစ္စများ ဆောင်ရွက်ပါ။ နေ့လည်၁၂နာရီ၁၀မိနစ် နောက်ပိုင်း မိဂသီ နက္ခတ် စန်းယှဉ်ပြီး သုတေသနလုပ်ငန်းများ၊ လေကြောင်းနှင့် ရေကြောင်းပိုင်းဆိုင်ရာ လုပ်ငန်းများ၊ မေတ္တာရေး ကြိုးပမ်းမှုများ၊ နက္ခတ်နှင့် အာကာသ နည်းပညာလုပ်ငန်းများ၊ စွန့်စားယှဉ်ပြိုင်မှု၊ ဘာသာရေးနှင့် အလှူမင်္ဂလာကိစ္စများ၊ အိမ်ခြံမြေယာဉ်ဝယ်ယူမှု၊ ထီကံစမ်းမှုများ ဆောင်ရွက်နိုင်သည်။ ကံကောင်းဂဏန်း- ၂၊ ၆၊ ဝ
တနင်္ဂနွေသားသမီးများ
အထက်အကြီးအကဲ ဆရာသမားများထံမှ အထောက်အပံ့ အကူအညီကောင်းများ ရရှိလာမည်။
တနင်္လာသားသမီးများ
ငွေကြေးစီးပွား အကျိုးဖြစ်ထွန်းမှုကံ အထူးကောင်းမွန်ပြီး ထီပေါက်သကဲ့သို့ ငွေကြေး အစုလိုက်အပုံလိုက် ရရှိမည်။
အင်္ဂါနေ့သားသမီးများ
စိတ်လေလွင့်မှုများပြားပြီး လုံ့လ၀ီရိယ အားနည်းတတ်သော အချိန်ကာလဖြစ်သည်။
ဗုဒ္ဓဟူးနေ့သားသမီးများ
လူမူရေးပိုင်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ အတိုက်အခံ ပဋိပက္ခများ တွေ့ကြုံတတ်မည်။
ကြာသာပတေးနေ့သားသမီးများ
လုပ်ငန်းတွင် အခွင့်အလမ်းကောင်းများ ပေါ်ပေါက်၍ မိမိ၏ အကြံအစည်များ ပြည့်စုံအောင်မြင်မည်။
သောကြာနေ့သားသမီးများ
ကံကောင်းအောင်မြင်မှုများ ဆက်လက် တွေ့ကြုံပြီး ရွှေရောင် အနာဂတ်ကာလ ရယူပိုင်ဆိုင်ခွင့် ရှိချိန်ဖြစ်သည်။
စနေနေ့သားသမီးများ
ငွေကြေးဆုံးရှုံး နစ်နာမှုများနှင့် ကျန်းမာရေးအညံ့ ဖြစ်စဉ်မှုများ တွေ့ကြုံရတတ်သည်။
ရာဟုနေ့သားသမီးများ
လုပ်ငန်းတွင် အတိုက်အခံ ပဋိပက္ခများ တွေ့ကြုံ၍ အမှုပြဿနာများ ရင်ဆိုင်ရတတ်သည်။
တနင်္ဂနွေသားသမီးများ ၀တ်ဆင်ရန် | ပန်းရောင်၊ ဆင်စွယ်၊ အနက် |
တနင်္လာနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အဖြူ၊ ဆင်စွယ် |
အင်္ဂါနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အနက်၊ ဆင်စွယ် |
ဗုဒ္ဓဟူးနေ့သားသမီးများ ၀တ်ဆင်ရန် | ပန်းရောင်၊ ခရမ်း၊ အ၀ါ |
ကြာသာပတေးနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ ဆင်စွယ်၊ အပြာနု |
သောကြာသားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အပြာနု၊ နက်ပြာ |
စနေနေ့သားသမီးများ ၀တ်ဆင်ရန် | ဆင်စွယ်၊ အ၀ါ၊ ပန်းရောင် |
ရာဟုနေ့သားသမီးများ ၀တ်ဆင်ရန် | ဆင်စွယ်၊ အ၀ါ၊ ပန်းရောင် |
No comments:
Post a Comment