Friday, May 2, 2014

မုံရွာမီးဘေးသင့်ပြည်သူများကို ပြည်ခိုင်ဖြိုးပါတီက ကူညီထောက်ပံ့


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သလ္လာအမှတ် (၁၄) အခြေခံပညာ မူလ တန်းကျောင်းတွင် မီးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ခြင်း အခမ်း အနားကို ဧပြီလ ၂၆ ရက် ညနေ ၆ နာရီ တွင် ကျင်းပရာ ဗဟိုကော်မတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်အောင်၊ ဗဟိုကော် မတီဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးတင့်လှိုင်မြင့်၊ တိုင်းဒေသကြီးပါတီ တွဲဖက်အတွင်းရေးမှူး ဦးအောင်ကျော်ဦး၊ ခရိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင် များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ မီးဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် ဗဟိုကော်မတီဝင် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ ၀င်းမြင့်အောင်၊ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးတင့်လှိုင်မြင့်နှင့် ခရိုင်စီမံခန့်ခွဲမှုကော် မတီ ဥက္ကဋ္ဌ ဦးကျော်သူဇော် တို့က မီးဘေးသင့် ပြည်သူများအား အားပေး စကားပြောကြားပြီး မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ ၃၆၀၀၀၀ နှင့် အ၀တ်အထည်များ၊ အိမ်အသုံးအဆောင် ပစ္စည်းများ ကူညီထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top