ဂျာမနီ နိုင်ငံက နိုင်ငံပေါင်း ၁၁ နိုင်ငံနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း စတင် ပြုလုပ်
ဂျာမနီနိုင်ငံနှင့် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များသည် နိုင်ငံတကာ စစ်ရေး လေ့ကျင့်ခန်းတစ်ရပ်ကို ဂျာမနီနိုင်ငံ မြောက်ပိုင်း၌် မေ ၁၂ ရက်က စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂ နှစ် ကြာကြိုတင်စီစဉ် ဆောင်ရွက်ခဲ့ရသည့် ၎င်းပူးတွဲ လေကြောင်းစစ်ဆင်မှု နည်းဗျူဟာ စစ်ရေး လေ့ကျင့်ခန်း (Jawtex) သည် ပါဝင်လေ့ကျင့်သည့် ၁၁ နိုင်ငံမှ လေတပ်၊ ကြည်းတပ်နှင့် မရိန်းတပ်ဖွဲ့ဝင် အားလုံး၏ နည်းဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့လေ့ကျင့်ရန် ရည်ရွယ်၍ပြု လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရ သည်။ ၎င်း စစ်ရေး လေ့ကျင့်ခန်းတွင် ဟော်လန်၊ အီတလီ၊ ပြင်သစ်၊ ဖင်လန်၊ ဆလိုဗေးနီးယား၊ ဂရိ၊ သြစတြီးယား၊ ဆွစ်ဇာလန်၊ တူရကီ၊ ဟန်ဂေရီနှင့် အမေရိကန်နိုင်ငံတို့မှ တပ်ဖွဲ့ဝင် ၈ဝဝ ခန့်အပါအဝင် တပ်ဖွဲ့ဝင်ပေါင်း ၄၅ဝဝ နီးပါး ပါဝင်လေ့ကျင့်လျက် ရှိသည်။
အဆိုပါ စစ်ရေးလေ့ကျင့်ခန်းသည် ၂ဝ၁၄ ခုနှစ်အတွင်း ဂျာမနီစစ်ဘက်၏ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု တစ်ရပ်ဖြစ်ပြီး မေ ၂၂ ရက်အထိ ကြာမြင့်မည် ဖြစ်ကြောင်းနှင့် ၎င်း လေ့ကျင့်မှုအတွင်း လေကြောင်းတိုက် ခိုက်မှုနှင့် ကာကွယ်မှုများအပြင် လေကြောင်း သယ်ယူပို့ဆောင်ရေးနှင့် နေရာရွှေ့ပြောင်းမှုစစ် ဆင်ရေးများ ကို အဓိကထား ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ၎င်း စစ်ရေး လေ့ကျင့်ခန်းတွင် F 18 တိုက် လေယာဉ်များ၊ F 16 တိုက်လေယာဉ်များ၊ Eurofighter တိုက်လေယာဉ်များနှင့် Gripen တိုက်လေယာဉ် များ အသုံးပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment