Wednesday, May 14, 2014

နောက်ဆုံး သဘောတူညီချက် ရရှိအောင် လုပ်ဆောင်တော့မည့် အီရန်နျူကလီးယား အရေး ဆွေးနွေးပွဲ

အီရန်နဲ့ ကမ္ဘာ့အင်အားကြီး (၆)နိုင်ငံတို့ဟာ တဟီရန်မှာ လုပ်ဆောင်နေတဲ့ အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်တဲ့တွေ့ဆုံဆွေးနွေးမှုကိုဗီယန်နာမှာ ပြုလုပ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး(၆)နိုင်ငံတို့ဟာ အီရန်နိုင်ငံရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး     ဗီယန်နာမြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်မယ့် သူတွေဟာ (၆)နိုင်ငံ ခေါင်းဆောင်တွေဟာ အီရန်နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး အားလုံးအတွက် ပြီးပြည့်စုံမယ့် ဖြေရှင်းချက်တစ်ခု ပါဝင်မယ့် သဘောတူညီချက်ရရှိအောင် လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေကို ဖေဖော်ဝါရီလကတည်းက လုပ်ဆောင်ခဲ့ တာဖြစ်ပြီး ထိရောက်တဲ့ သဘောတူညီချက်ရရှိအောင် မလုပ်ဆောင် နိုင်သေးဘူးလို့ သိရပါတယ်။ နှစ်ဖက်စလုံးက ခေါင်းဆောင်တွေဟာ နျူကလီးယား ကြွယ်ဝအောင်လုပ်ဆောင်နေတဲ့ အီရန်နိုင်ငံကို ထိန်းချုပ်နိုင်ပြီး အီရန်နိုင်ငံအပေါ်မှာ စီးပွားရေး အရေးယူပိတ်ဆို့မှုတွေကို လျှော့ချနိုင်မယ့် ကြားဖြတ်သဘောတူညီချက်တစ်ခု ပေါ်ပေါက်လာစေဖို့ လုပ်ဆောင်သွားနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ဂျနီဗာမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ အီရန်နိုင်ငံဟာ နိုင်ငံအတွင်းမှာ ရှိနေတဲ့ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်မယ့် ယူရေနီယံတွေကို လာမယ့် ဇူလလိုင်မှာ အမေရိကန်နိုင်ငံကို အပြီးသတ် ပေးအပ်ရမှာဖြစ်ပြီး အမေရိကန်နိုင်ငံ ယူရေနီယံ  ဓါတ်ပြယ်အောင် သန့်စင်ပြီးမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုအတွက် အီရန်နိုင်ငံအပေါ်မှာ ထားရှိတဲ့ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုကို လျှော့ချပေးသွားမှာလည်း ဖြစ်ပါတယ်။ အီရန်နိုင်ငံကတော့ သူတို့လုပ်နေ တဲ့ နျူကလီးယား ထုတ်လုပ်မှုတွေဟာ ငြိမ်းချမ်းတဲ့ လုပ်ရပ်တွေအတွက် ဖြစ်တာကြောင့် နိုင်ငံအပေါ်မှာ ထားထားတဲ့ စီးပွားရေးအရေးယူ ပိတ်ဆို့မှုတွေကို လျှော့ချသွားဖို့ တောင်းဆို ထားတယ်လို့ သိရပါသည်။

No comments:

Post a Comment

back to top