ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အလွန်ဆို လွဲချော်မည်
ရီးရဲလ်အသင်း ကွင်းလယ်လူ အလွန်ဆိုသည် လာမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လွဲချော်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စပိန်ကွင်းလယ်လူသည် ဘိုင်ယန်အသင်းကို ၄းဝ ဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ အဝေးကွင်းပွဲစဉ်မှာ အ၀ါကတ် ပြသခံရခြင်း ဖြစ်ပြီး ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ကျင်းပမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လွဲချော်မည် ဖြစ်သည်။ ယင်းပွဲစဉ်တွင် ရီးရဲလ်အသင်း ကွင်းလယ်လူ အလွန်ဆိုသည် ဘိုင်ယန် ကွင်းလယ်လူ ရှဝိန်းစတိုင်ဂါကို အဖျက်ကြမ်းတမ်းခဲ့ပြီး အ၀ါကတ် ပြသခံရကာ ယင်းကဲ့သို့ ပြသခံရမှုသည် အလွန်ဆိုအတွက် ယခုရာသီ ချန်ပီယံလိဂ်မှာ ၃ ကြိမ်မြောက် ပြသခံရမှုလည်း ဖြစ်လာခဲ့သည်။ လာမည့်မေလတွင် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ကျင်းပမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လွဲချော်မည့် အရေးအတွက် အလွန်ဆိုက ယခုလို ကစားသမား တစ်ဦးအတွက် အ၀ါကတ် ပြသခံထားရခြင်းသည် ရာသီတစ်ခုလုံးအတွက် အကျုံးဝင်နေပါက စည်းမျဉ်းစည်းကမ်းများမှာ မှားယွင်းနေပြီ ဖြစ်ကြောင်း ဥရောပ ဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေကို သတိပေး ပြောဆိုလိုက်ကြောင်း သတင်းများက ဆိုသည်။
No comments:
Post a Comment