MH 370 လေယာဉ်၏ အပျက်အစီးများကို ဘင်္ဂလား ပင်လယ်အော် အတွင်း ရှာဖွေတွေ့ရှိ ဟူသော ပြောကြားချက်ကို JACC ပယ်ချ
ပျောက်ဆုံးလျက်ရှိသော MH 370 မလေးရှား လေယာဉ်၏ အပျက်အစီးများကိုဘင်္ဂလားပင်လယ်အော် အတွင်း၌ ရှာဖွေ
တွေ့ရှိခဲ့သည် ဟူသော ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏ ပြောကြားချက်ကို လေယာဉ်
ပူးပေါင်း ရှာဖွေရေး အဖွဲ့ (JACC) က ပယ်ချလိုက်ကြောင်း သိရသည်။
ပျောက်ဆုံးနေသော အဆိုပါ မလေးရှား
လေယာဉ်သည် သြစတြေးလျ ကမ်းလွန်ရှိ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း၌သာ ပျက်ကျခြင်း
ဖြစ်သည်ဟု ပူးပေါင်းရှာဖွေရေး အဖွဲ့ (JACC) က အခိုင်အမာ ယုံကြည်လျက်
ရှိပြီး ရှာဖွေရေး လုပ်ငန်းများကို သမုဒ္ဒရာ အောက်တွင် ဆက်လက် တိုးမြှင့်
လုပ်ဆောင်လျက် ရှိသည်။
အဆိုပါ မလေးရှား လေယာဉ်မှ
အပျက်အစီးများကို ယခု ရှာဖွေနေသည့် နေရာမှ ကီလိုမီတာ ၅ဝဝဝ အကွာ အိန္ဒိယနှင့်
မြန်မာနိုင်ငံ အကြားရှိ ဘင်္ဂလားပင်လယ်အော် အတွင်း၌ တွေ့ရှိခဲ့သည်ဟု
သြစတြေးလျ ဘူမိရူပဗေဒ ဆိုင်ရာ တိုင်းတာရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Geo
Resonance က ဧပြီ ၂၉ ရက်တွင် ထုတ်ပြန် ခဲ့သည်ဟု သိရသည်။
No comments:
Post a Comment