တော့တင်ဟမ် နည်းပြတာဝန်မှ တင်ရှားဝုဒ် ထုတ်ခံရတဲ့ သတင်း
တော့တင်ဟမ်ဟော့စပါး အသင်းဟာ ပရီးမီးယားလိဂ် ရာသီကုန်ပြီး၊ နောက်နှစ်ရက်အကြာ၊ အင်္ဂါနေ့မှာတင် နည်းပြတင်ရှားဝုဒ်ကို တာဝန်မှ ဖယ်ရှားလိုက်ပါတယ်။ တင်ရှားဝုဒ်ဟာ ဒီဇင်ဘာလက တော့တင်ဟမ်အသင်းနဲ့ (၁၈)လစာချုပ် ချုပ်ထားပေမယ့် (၅)လကျော်အကြာမှာ နည်းပြရာထူးကို စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် တော့တင်ဟမ်ဥက္ကဌ ဒန်နီရယ်လဲဗီးကတော့ ရာသီကုန်ရင် စာချုပ်ဖျက်သိမ်းနိုင်တဲ့ သဘောတူညီချက် တစ်ရပ်ကို အစောပိုင်းကတည်းက ထည့်သွင်း ချုပ်ဆိုထားတယ်လို့ ဆိုပါတယ်။ အခုထွက်ပေါ်နေတဲ့ သတင်းတွေအရ တော့တင်ဟမ်အသင်းဟာ ဆောက်သမ်တန်နည်းပြ ပိုချက်တီနိုနဲ့ အေဂျက်ဇ်နည်းပြ ဖရန့်ခ်ဒီဘိုးဝါးတို့ကို ဆက်သွယ်နေတယ်လို့ သိရပါတယ်။
No comments:
Post a Comment