Thursday, May 15, 2014

တီဗက်ဇ်ကို ချန်လှပ်ခဲ့လို့ အာဂျင်တီးနား ပရိသတ်တွေ ဝေဖန်နေတဲ့ သတင်း

အင်္ဂါနေ့က ထုတ်ပြန်ကြေညာတဲ့ အာဂျင်တီးနား ပဏာမလက်ရွေးစင် အသင်းမှာ ဂျူဗင်တပ်စ်တိုက်စစ်မှူး တီဗက်ဇ် မပါတာကြောင့် အာဂျင်တီးနား ပရိသတ်တွေဟာ နည်းပြဆဘယ်လာကို ဝေဖန်နေကြပါတယ်။ အာဂျင်တီးနား လက်ရွေးစင် အသင်းမှာ တီဗက်ဇ်ကို မရွေးဘဲ ချန်လှပ်ခဲ့တာဟာ ၂၀၁၁ခုနှစ်ကတည်းက ဖြစ်ပါတယ်။ သူမပါပေမယ့် မန်စီးတီး ၀ါရင့်နောက်ခံလူ ဒီမစ်ချယ်လီကတော့ အံ့အားသင့်ဖွယ် ရွေးချယ် ခံခဲ့ရပါတယ်။ဒါ့အပြင် စီးရီးအေကလပ် ကာတာနီယာအသင်းမှ ကွင်းလယ်လူ ရီနောဒူနဲ့ ရေးဗားပလိပ် ညာနောက်ခံလူ ဂါဘရီရယ်မာကာဒိုတို့လည်း ရွေးခံထားရ တယ်လို့ သိရပါတယ်။ ကစားသမား အယောက်(၃၀)ပါ ပဏာမ လက်ရွေးစင် စာရင်းကို အင်္ဂါနေ့က ဗျူနိုအေရိစ်မြို့မှာ နည်းပြဆဘယ်လာနဲ့အတူ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဘီယာလိုတို့က ကြေညာပေးခဲ့တာပါ။ ဒီစာရင်းထဲမပါတဲ့ တီဗက်ဇ်ဟာ အခုရာသီ ဂျူဗင်တပ်စ်အသင်းမှာ စီးရီးအေ(၁၉)ဂိုး သွင်းထားသလို ၂၀၀၆နဲ့၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်တာကြောင့် သူချန်လှပ်ခံခဲ့ရတာက ကမ္ဘာ့ဘောလုံး ပရိသတ်တွေအားလုံးကို အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ အာဂျင်တီးနား ပရိသတ်တစ်ဦးဖြစ်တဲ့ ဒန်နီရယ်ရာမီးရက်ဇ်က ’’တီဗက်ဇ်ရဲ့ အားကြိုးမာန်တက် ကစားပုံတွေကို သူတို့ ပြန်တမ်းတရဦးမှာပါ’’လို့ ဝေဖန်ထားပါတယ်။

No comments:

Post a Comment

back to top