ပရိုမိုးရှင်းပွဲ တစ်ခုအတွက် စင်္ကာပူကို ဖာဒီနန် ရောက်လာတဲ့ သတင်း
အင်္ဂလန် လက်ရွေးစင် နောက်ခံလူဟောင်း ရီယိုဖာဒီနန်ဟာ (၁၂)နှစ်ကြာ ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ လမ်းခွဲတော့မယ်လို့ တရားဝင် ကြေညာအပြီး တစ်ရက်အကြာ၊ အင်္ဂါနေ့က စင်ကာပူနိုင်ငံကို ရောက်လာပါတယ်။ ဖာဒီနန်ဟာ အာဂျင်တီးနား တိုက်စစ်မှူး အဂူရိုနဲ့အတူ ပရိုမိုးရှင်းပွဲတစ်ပွဲ တက်ရောက်ဖို့ ရှိတာကြောင့် စင်္ကာပူကို ရောက်လာတာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းကုမ္ပဏီ ဆင်းတဲလ်နဲ့ ဆမ်ဆောင်းတို့က ပူးပေါင်းစီစဉ်မှုအရ ဖာဒီနန်နဲ့ အဂူရိုတို့ဟာ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို ကိုယ်တိုင် ဓါတ်ပုံရိုက်ပြီး တွစ်တာမှာ တင်ရပါမယ်။ အဲဒီကတဆင့် ပရိသတ်တွေက မဲ ပေးပြီး အကောင်းဆုံးပုံကို ရွေးမယ်လို့ သိရပါတယ်။ စင်္ကာပူလေဆိပ်ကို ရောက်ရှိလာတဲ့ ရီယိုဖာဒီနန်ကို ပရိသတ်တွေ ၀ိုင်းအုံပြီး အမှတ်တရ လက်မှတ်ထိုးခိုင်းဖို့ အလုအယက် တိုးဝေ့နေတာကြောင့် လေဆိပ်ရဲတွေက ကာရန်စောင့်ကြပ် ပေးခဲ့ရပါတယ်။
No comments:
Post a Comment