ကမ္ဘာ့ဖလား ပွဲနီးလေ ကြိုးစားရလေပါပဲလို့ ဂျပန်နည်းပြ ပြော
(၂၀၁၄) ကမ္ဘာ့ဖလားပွဲဝင် ဂျပန်အသင်းနည်းပြ အယ်ဘာတိုဇက်ချာရိုနီက ကမ္ဘာ့ဖလားပွဲနီးလေ ကြိုးစားရလေပါပဲလို့ ဆေတာမာမြို့မှာ တနင်္လာနေ့က ပြောကြားပါတယ်။ ဂျပန်အသင်းဟာ ကမ္ဘာ့ဖလားပွဲ မသွားခင်မှာ ဆိုက်ပရပ်နဲ့ ခြေစမ်းပွဲ ကစားဖို့ လေ့ကျင့်နေတာ ဖြစ်ပါတယ်။ ဂျပန်အသင်းမှာ အေစီမီလန် ကစားသမား ဟွန်ဒါ၊ အင်တာနောက်တန်းလူ နာဂါတိုမို၊ မန်ယူကစားသမား ကာဂါဝါတို့လို ပြည်ပအခြေစိုက် ဘောလုံးသမား(၁၂)ဦး ပါဝင်ပါတယ်။ နည်းပြဇက်ချာရိုနီက "ကျွန်တော်တို့ ကိုယ်ကာယအပိုင်းရော၊ နည်းစနစ်အပိုင်းပါ လိုအပ်ချက် မရှိအောင် လေ့ကျင့်နေပါတယ်။ ကမ္ဘာ့ဖလားပွဲ ကျရင်တော့ ကျွန်တော်တို့ ရာနှုန်းပြည့် အခြေအနေမှာ ရှိနေမှာပါ"လို့ ပြောပါတယ်။ ဂျပန်အသင်းဟာ မေ(၂၉)ရက်မှာ ဂျပန်က ထွက်ခွာပြီး အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် တန်ပါမြို့က လေ့ကျင့်ရေး စခန်းမှာ လေ့ကျင့်ပါမယ်။ အဲဒီကနေ ဇွန်လ(၇)ရက်မှာ ဘရာဇီးလ်ကို သွားပါမယ်။ ဂျပန်အသင်းဟာ ကမ္ဘာ့ဖလားပွဲ အုပ်စု(C)မှာ ကိုလံဘီယာ၊ အိုင်ဗရီကို့စ်၊ ဂရိတို့နဲ့ ကစားရပါမယ်။ ဇွန်(၁၄)ရက်မှာ ဂျပန်အသင်း ပွဲဦးထွက် ကစားရမယ့် အသင်းက အိုင်ဗရီကို့စ် ဖြစ်ပါတယ်။
No comments:
Post a Comment