Connection ဇာတ်ကားအဆက် ထပ်ရိုက်ဖို့စီစဉ်နေတဲ့ မင်းသွေး
လတ်တလောမှာ မင်းသွေးရဲ့ Connection ဆိုတဲ့ ဇာတ်ကား ထွက်ရှိလာပါတယ်။
ဇာတ်ကားမှာ ပရိသတ် အတွက် အတွေး တစ်ခုပေး ထားခဲ့သလို၊ နောက်ထပ် Connection
ဇာတ်ကား အဆက်ကိုလည်း ထပ်မံ ရိုက်ကူးဖို့ စဉ်းစားနေတယ် လို့ ပြောပြတဲ့
မင်းသွေးက “ကျွန်တော် ဇာတ်ကားတွေ ပုံမှန်လေး ရိုက်တယ်။ ထွက်ဖြစ်နေ တယ်။
သာမန် ချစ်၊ကြိုက်၊ ညား၊ ကွဲ ထဲကနေ ခွဲထွက်ပြီးတော့ ရွေးရိုက် ဖြစ်တယ်။ အခု
ထွက်ထားတဲ့ Connection ဆိုတဲ့ ဇာတ်ကားကို ပေးတဲ့အချိန် ကတည်းက စိတ်ဝင်
စားခဲ့တယ်။
သည်ခေတ်နေ နဲ့ကလည်း ပထမဆုံး ဆုံတဲ့ကား။ ဒါရိုက်တာက အသစ်
ဆိုပေမယ့် သူ့ဆီမှာ ရှိတဲ့ အနုပညာတွေ လုပ်တာ စေတနာ ပါတယ်။ ဒီဇာတ်ကား ကို
ပရိသတ်တွေ ကြိုက်ကြတာ ကြိုးစားရ ကျိုးနပ်တဲ့ ဇာတ်ကားလေးပေါ့။ ပရိသတ်တွေ
လည်း အမြင် တစ်ခုခုလေးတော့ ဆန်းမယ် ထင်ပါတယ်။ ပရိသတ်တွေ ဘက်က ပြန်
ခံစားကြည့်ရင် ဘယ်လို ဇာတ်မျိုးပဲဖြစ်ဖြစ် သေသေသပ်သပ်လေး ရိုက်ပြနိုင်ရင်
ပရိသတ်လည်း ကြိုက်မှာ ပါ။ ဒီကားထဲမှာ ဝေဖန်မှုတွေ လည်း ရှိတယ်။ ဒါက ဖြစ်လာ
လိမ့်မယ်ဆိုတာ ကြိုတွက် ပြီးသားပါ။ ဇာတ်ထဲမှာ ရဲမပါ ဘူး။ အဖေကို ဖမ်းမိ
လား၊ မဖမ်းမိဘူးလား မပါဘူးပေါ့။
ဒါ ပရိ သတ်တွေတွေး စရာ လေး တစ်ခုဖြစ်တာ
ပေါ့။ နောက်ထပ်ကား ကို ဆက်ရိုက်ဖို့လည်း အတွေး ရှိခဲ့တော့နောက်ဆုံးမှာ
အတွေးလေး တစ်ခု ထားခဲ့တယ်။ ရိုက်ဖို့လည်း စဉ်းစား နေတယ်။ ဒီကားထက် ပိုပြီး
ကျော်နိုင်ဖို့လည်း စဉ်းစားရမယ်လေ”လို့ ပြောပြပါတယ်။ ဇာတ်ကား တစ်ကား
ရိုက်ကူးတဲ့ အခါ စေတနာနဲ့ ရိုက်ကူး သလို၊ ရိုက်ခဲ့သမျှ ကားတိုင်း အားရတယ်
ဆိုတဲ့ မင်းသွေးက “ဇာတ်လမ်း တစ်ခုကို သရုပ်ဆောင်ပိုင်းက အနုပညာ၊
ဒါရိုက်တာရဲ့ အားစိုက်မှု ၊စေတနာ ထည့်မှု၊စက် အဖွဲ့သားတွေ အားလုံး
ကကောင်းကောင်း လေး နဲ့ရိုက်ဖြစ်နေတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ အနုပညာကို
ဒီနေ့ဒီအချိန် ထိ လိပ်ပြာသန့်တယ် ။ကျွန်တော်ပေးချင်တဲ့ တစ် ခုခု ပါမှသာ
ကျွန်တော် ရိုက်ဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။
No comments:
Post a Comment