အင်တာနက်ပိုမြန်စေရန် BandWidth ပမာဏ 20GB ထပ်ချဲ့မည်
ပြည်တွင်း၌ အင်တာနက်အသုံးပြုခြင်းကို
ယခုထက်ပို ၍ မြန်ဆန်စွာအသုံးပြုနိုင်စေရန် BandWidth ပမာဏ 20GBခန့်ကို ယခုနှစ်အတွင်း
ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
Internet Service Provider ဌာနမှ သတင်းရရှိသည်။
မြန်မာနိုင်ငံအနေဖြင့်လက်ရှိအချိန်အထိ
ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ထားသည့် BandWidth ပမာဏမှာ 27GB ခန့်ရှိပြီး ထိုင်းနိုင်ငံမြ၀တီနယ်စပ်ဖိုက်ဘာဆက်ကြောင်းမှ
18GB၊ တရုတ်နိုင်ငံမူ ဆယ်နယ်စပ်ဖိုက်ဘာဆက်ကြောင်းမှ 2GB၊ ပင်လယ်ရေ အောက်ဖိုက်ဘာဆက်ကြောင်းမှ
7GB ဖြင့် အသီးသီးချိတ်ဆက် ထားကြောင်း သတင်းရရှိသည်။
ပြည်တွင်း၌ ဖိုက်ဘာကွန်ရက်များတိုးချဲ့သွားရန်
စီစဉ်လျက်ရှိသလို BandWidth ပမာဏ ထပ်မံတိုးချဲ့ရန်အတွက် တာချီလိတ်ဘက်မှ ဖိုက်ဘာဆက်ကြောင်းသစ်နှင့်
တရုတ်နိုင်ငံမူဆယ်နယ်စပ်မှ ဖိုက်ဘာဆက်ကြောင်းတို့ကို ပမာဏတိုးချဲ့ခြင်းပြုလုပ်သွားရန်စီစဉ်လျက်ရှိကြောင်း
သတင်းရရှိသည်။
အဆိုပါလုပ်ငန်းများပြီးစီးပါက
ဖိုက်ဘာကွန်ရက်မှတစ်ဆင့် အင်တာနက်ပြန်လည်ဖြန့်ဝေခြင်းကို ဆက် သွယ်ရေးဥပဒေနှင့်အညီ ပုဂ္ဂလိကလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment