ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ ဒေ၀ဒဟသဗ္ဗသိဒ္ဓိနတ်စင်တရာ ကျောင်းတိုက်၊ အထူးသာသနာပြု ဆရာတော် ဘဒ္ဒန္တပညာတေဇ ဦးဆောင်၍ (၈၉) ကြိမ်မြောက် သစ္စာ ဓိဌာန်စတုဒီသာကျွေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရွှေဆံတော်ဘုရားကြီးတွင် ကျင်းပပြုလုပ် ခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ ဒေ၀ဒဟသဗ္ဗသိဒ္ဓိနတ်စင်တရာ
ကျောင်းတိုက်၊ အထူးသာသနာပြုဆရာတော် ဘဒ္ဒန္တပညာတေဇ ဦးဆောင်၍ အလှူရှင်များဖြစ်ကြသော
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးနှင့် ဒါယကာ၊ ဒါယိကာမများ
စုပေါင်းလှူဒါန်းသော (၈၉) ကြိမ်မြောက် သစ္စာဓိဌာန် စတုဒီသာ ကျွေးပွဲကို ပဲခူးတိုင်း
ဒေသကြီး၊ တောင်ငူမြို့၊ရွှေဆံတော်ဘုရားကြီးတွင် ၂၀၁၄ ခုနှစ်၊ မေလ(၁၃) ရက်နေ့တွင်
ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ
အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းနှင့် အလှူရှင်များ၊ ပဲခူးတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမော်ထွန်းနှင့် ဦးဝင်းနိုင်ရှိန်၊
တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း၊ ပဲခူးတိုင်းဒေသကြီး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင်များ၊
တောင်ငူခရိုင်နှင့် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊
ကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးနှင့်
ပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံရပ်မိရပ်ဖများနှင့် ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နံနက်(၇) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊
တောင်ငူမြို့၊ ရွှေဆံတော်ဘုရားကြီး ရင်ပြင်တော်တွင် (၈၉) ကြိမ်မြောက် စတုဒီသာ
ကျွေးပွဲသို့ လာရောက်ကြသော ဧည့်ပရိတ်သတ်များ စတင်ဧည့်ခံကျွေးမွေးရာ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးနှင့် ဇနီး
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ အလှူရှင် များ၊
ဝိုင်းဝန်း၍ လုပ်အားဒါနပြုကြသူများက ရင်းနှီးနွေးထွေးစွာ လိုက်လံနှုတ်ဆက်၍
ဧည့်ခံကျွေးမွေးကြသည်။
၎င်းနောက် နံနက် (၉) နာရီ (၁၅) မိနစ်အချိန်တွင် ရေစက်ချအခမ်းအနားကို
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရွှေဆံတော်ဘုရားကြီးဂန္တ၀င်
ကိုးခန်းသိမ်တော်ကြီး၌ ပြုလုပ်ရာ ရှေးဦးစွာ နမောတဿ(၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍
အခမ်းအနားဖွင့်လှစ်သည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ
ဟင်္သာတမြိုကနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးနှင့် အလှူ
ရှင်များ၊တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များသည် တောင်ငူမြို့
သရက်တောကျောင်းတိုက်ဆရာတော် ဗဟုဇနဟိတဓရ ဘဒ္ဒန္တ စက္ကိန္ဒထံမှ ငါးပါးသီလ ခံယူကြပြီး
ဆရာတော် သံဃာတော်များမှ မေတ္တာသုတ် ပရိတ်တရားတော်များ ချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ
ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးနှင့် အလှူရှင်များ၊ ဒါယာကာ၊
ဒါယိကာမများက ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
၎င်းနောက် တောင်ငူမြို့ သရက်တောကျောင်းတိုက်ဆရာတော် ဗဟုဇနဟိတဓရ
ဘဒ္ဒန္တစက္ကိန္ဒထံမှ ရေစက်ချတရားနာယူကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊
ဒေ၀ဒဟသဗ္ဗသိဒ္ဓိနတ်စင်တရာ ကျောင်းတိုက်၊ အထူးသာသနာပြု ဆရာတော် ဘဒ္ဒန္တပညာ တေဇက
အလှူရှင်များကိုယ်စား ကျေးဇူးတင်ရှိကြောင်း လျောင်ထားပြီး ဗုဒ္ဓသာသနံစိရံတိဌတု
သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်း သည်။၎င်းနောက် ကြွရောက်လာကြသော ဆရာတော်
သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
အဆိုပါစတုဒီသာကျွေးပွဲအား ၂၀၁၄ ခုနှစ်၊ မေလ(၁၃) ရက်နေ့ နံနက်(၇)
နာရီ ညနေ(၄)နာရီအထိ ကျွေးမွေးခဲ့ရာ တောင်ငူမြို့နယ်၊ ရပ်ကွက်များနှင့်
အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ
လာရောက်ကြသောဘုရားဖူးပြည်သူများ စုစုပေါင်းအင် အား(၃) သိန်း
ကျော်လာရောက်စားသုံးကြပြီး၊ တောင်ငူလေတပ်စခန်းဌာနချုပ် မိသားစုများ၊
လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊
စုစုပေါင်းအင်အား(၁၅၀၀) ကျော်က လုပ်အားဒါနပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment