Telenor Myanmar မှ အောက်တိုဘာ တွင် ဆင်းကတ် သန်း ၃ဝ စတင် ရောင်းချမည်
မြန်မာနိုင်ငံ၌ ငါးနှစ်အတွင်း ပြည်သူ ၉ဝ ရာခိုင်နှုန်း မိုဘိုင်းလ်ဖုန်းများ အသုံးပြု နိုင်ရမည်ဟု
Telenor Myanmar က ကြေညာထားပြီး ဆင်းကတ် သန်း
၃ဝ ကို လာမည့် အောက်တိုဘာလတွင် စတင်ရောင်းချ ပေးမည်ဖြစ်ကြောင်း Telenor
Myanmar မှသိရသည်။ ယင်းကဲ့သို့
ဆင်းကတ်များ ရောင်းချရာတွင် တစ်ကတ်လျှင် ငွေကျပ် ၁၅ဝဝ နှင့် ပြောဆိုခ တစ်မိနစ်လျှင်
ငွေကျပ် ၂၅ ကျပ်နှုန်း အကြမ်းဖျင်း သတ်မှတ် ထားကြောင်း Telenor
Myanmar မှ သိရသည်။ Telenor Myanmar သည် မြန်မာနိုင်ငံ၌ ငါးနှစ် အတွင်း ပြည်သူ ၉ဝ ရာခိုင်နှုန်းကို မိုဘိုင်းလ်ဖုန်းများ အသုံးပြုနိုင်ရမည်ဟု
ကတိပေးထားပြီး ယင်းကဲ့သို့ အသုံးပြုနိုင် ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကွန်ရက်များ
ချဲ့ထွင်သွားမည် ဖြစ်ကြောင်းTelenor မှ သိရသည်။
Telenor
Myanmar အနေဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး Video Call ခေါ်ဆိုမှုကို အောင်မြင်ထားပြီး ဆင်းကတ်များ ရောင်းချပါက မိုဘိုင်းလ်နှင့် ဆက်စပ်နေသော ကဏ္ဍအားလုံးကိုလည်း ဝန်ဆောင်မှု
ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဝန်ဆောင်မှုများ ပေးနိုင်ရန် တာဝါတိုင်
၂၄ဝဝ ခန့်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်
တည်ဆောက်သွားမည်ဖြစ်ပြီး၊ နောက်ပိုင်းတွင် တာဝါတိုင် ၈ဝဝဝ ခန့် အထိ တိုးချဲ့ တည်ဆောက်
သွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment